Happy Thadingyut Festival!!!
Unicode Font
30.
'ရှင်က အချင်းချင်း နာကျင်ချင်နေတာဆိုတော့ လုပ်ကြတာပေါ့!'
Pei Yingအိမ်မှာ hotpotစားကြပြီးနောက် ဝန်ထမ်းများသည် နေ့လယ်တွင် အလုပ်ပြန်လုပ်ရန်အတွက် စတူဒီယိုသို့ ပြန်သွားကြသည်။ Pei Yingသည် သန့်ရှင်းရေးလုပ်ရန်အတွက် အိမ်မှာသာ နေခဲ့သည်။ သူမ ပင်ပန်းလာသောအချိန်တွင် နားရန် ဆိုဖာပေါ် လှဲချလိုက်သည်။
သူမသည် ဖုန်းကို ဆွဲထုတ်လာပြီး သူမရဲ့ သူငယ်ချင်း NF (feed) ကို လျှောက်ကြည့်နေလိုက်သည်။
Song Nanchuanသည် သူ့ရဲ့ feedမှာ ဘာကိုမှ မတင်ထားသလို စာတစ်စောင်မှ ပို့မလာခဲ့ပါ။ Pei Yingသည် stalkerအကြောင်း သတင်းထွက်လာတဲ့အချိန် သူ အကြောင်းအရင်း မေးမြန်းရန် အနည်းဆုံး စာပို့လာလိမ့်မည်ဟု ထင်နေခဲ့သည်။ အဲ့ဒါမှ သူမလည်း စကား ပြောတာကို ပြန်ဆက်ပြီး သူတို့နှစ်ယောက် အဲ့ဒီလိုနဲ့ ပြန်အဆင်ပြေသွားအောင် လုပ်မည်ဖြစ်သည်။
Song Nanchuanက သူမကို တစ်စက်ကလေးမှတောင် ဆက်သွယ်မလာခဲ့ဘူး။ Pei Yingရဲ့ လှပသော မျက်ခုံးတို့ အတူတကွ တွန့်ချိုးသွားပြီး သူမသည် ဖုန်းမျက်နှာပြင်က 'လူဆိုးကောင်Song' ဆိုသော စာလုံးကို စိုက်ကြည့်လိုက်သည်။
သူ ဘယ်အထိထိတောင် အေးစက်နေဦးမှာလဲ? ယောက်ျားတစ်ယောက်အနေနဲ့ သူ အရင် စကားပြောသင့်တာမလား? ပြီးတော့ ဒါတွေအကုန်လုံးက သူ့ကြောင့် ဖြစ်လာတာလေ။ သူမပဲ ပြန်ပေါင်းထုပ်ဖို့ လုပ်ရမှာလား?
Pei Yingသည် သူမမျက်နှာကို ရှုံ့မဲ့လိုက်ပြီး ဖုန်းကို ဘေးသို့ ပစ်ချလိုက်တော့သည်။ သူမ ထွက်သွားသောအချိန်တွင် သူမနှင့်အတူ ဘာကိုမှ မယူလာခဲ့ပါ။ သူမ သူ့အိမ်မှာ ကြောင်များက အစ ထားခဲ့သည်။ သူ သူတို့ကို အစာရော ကျွေးပါ့ရဲ့လားဟု သိချင်မိသွားသည်။
စိတ်ဆိုးနေသော မျက်နှာထားဖြင့် သူမသည် ဖုန်းရှိရာ လက်လှမ်းလိုက်သည်။ သူမ အိမ်အသစ်ကို ဓာတ်ပုံရိုက်လိုက်ပြီး filterတစ်ချို့ ထပ်ထည့်လိုက်ပြီးနောက် သူမ feedမှာ တင်လိုက်လေသည်။ "အိမ်အသစ်ကို ပြောင်းလိုက်ပြီး^-^"
VOUS LISEZ
[Completed] Just Blame Me for being Blind in the Beginning (MM Translation)
Roman d'amourUnicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသော ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ ချမ်းသာတဲ့ မျိုးရိုးဆက်ခံသူဖြစ်တဲ့ Song Nanchuanသည် ရည်မွန်...