Chapter 15

4K 364 21
                                        

Unicode Font

15. စိတ်ပျော်အောင် ပြုလုပ်ခြင်း

'မိန်းကလေးတွေက ရိုးရှင်းပြီးတော့ အရိုင်းဆန်တဲ့ အချစ်မျိုးကို သဘောကျကြတယ်'

Pei Yingသည် သတင်းကို ဖတ်နေသောအချိန်တွင် Song Nanchuanလည်း Xiao Zhangဆီမှ ဒီအကြောင်းကို သိသွားပြီးဖြစ်သည်။

သတင်းကို ဖတ်ပြီးနောက် Song Nanchuanသည် သူ့ထိုင်ခုံတွင် တိတ်တိတ်လေး ထိုင်နေသည်ကို တွေ့ပြီးနောက် Xiao Zhangသည် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ အချိန်ခဏကြာပြီးနောက် သူသည် မနေနိုင်တော့ဘဲ မေးလိုက်သည်၊ "CEO Song ကျွန်တော်တို့ ဒါကို ဘယ်လို လုပ်သင့်လဲ? Ms Peiနဲ့ ဘော့စ် ဆက်ဆံရေး ရှင်းလင်းတယ်ဆိုတဲ့ ကြေငြာချက် ထုတ်လိုက်ရမလား?"

Song Nanchuanသည် ခဏ တွေးတောနေပြီးနောက် ပြောလိုက်သည်၊ "မလိုဘူး. ငါတို့ အခု ကြေငြာချက် ထုတ်လိုက်ရင် နောက် ငါတို့ တကယ် တွဲတဲ့အချိန်ကျ ရှေ့နောက်စကား မညီ ဖြစ်သွားနိုင်တယ်မဟုတ်လား?"

Xiao Zhang, "..."

နေပါဦး သူ တစ်ခုခု သိနေတာလား?

သူသည် ခေါင်းငုံ့လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

Song Nanchuanသည် စားပွဲခုံကို လက်ချောင်းများနှင့် အကြိမ်အနည်းငယ် ခေါက်နေသည်။ ထို့နောက် အမိန့်ပေးလိုက်သည်၊ "ဒါပေမဲ့ Shi Jingနေရာ ရအောင် ကူညီပေးခဲ့တဲ့သူက ငါ မဟုတ်ဘူး. အဲ့အချက်တော့ ပြန်ရှင်းဖို့ လိုတယ်. Universe Pictures official blogမှာ Pei Yingက အဲ့နေရာကို သူ့ဟာနဲ့ သူ ရခဲ့တယ်ဆိုတာကို တင်ခိုင်းလိုက်." ထို့နောက် သူ ရပ်လိုက်သည်။ ဖုန်းမျက်နှာပြင်မှ သတင်းကို ဖတ်ရင်း ရယ်လိုက်လေသည်။ "ဒီ စာရေးဆရာ ရူးများ ရူးနေလား? Pei Ying ဖြတ်လျှောက်လုပ်ဖို့ပဲ ငါ ရှယ်ယာ ၂ဘီလီယမ် ဝယ်လိုက်တယ်ပေါ့လေ? စိတ်ဝင်စားဖို့ ကောင်းပါလား."

Xiao Zhang, "..."

"ကျွန်တော် အခု ဂရုစိုက်လိုက်ပါ့မယ်." သူသည် ရုံးခန်းထဲမှ မထွက်ခင် ယဥ်ကျေးစွာ ပြောလိုက်သည်။

Song Nanchuanသည် သတင်းကို ကြည့်ပြီးနောက် Pei Yingကို စိတ်ပူလာတော့သည်။ သူသည် ဖုန်း ကောက်ကိုင်လိုက်ပြီး အင်တာနက် သုံးစွဲသူများ ဘယ်လို တုံ့ပြန်နေလဲဆိုတာ ကြည့်ရန် Pei Ying၏ weiboသို့ သွားလိုက်သည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now