Chapter 28

2.8K 323 3
                                    

Unicdoe Font

28.

'ရှင်က ကျွန်မနောက် လိုက်နေတဲ့ သတင်းထောက်လား?'

"ဒါကြီးက ဘာနာမည်လဲ? မင်း ရှာတာ ဒါအကုန်ပဲလား?" Song Nanchuanသည် Xiao Zhangကို မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

Xiao Zhangသည် အမြန် ရှင်းပြလိုက်တော့သည်၊ "Calling Out for Meat at the Heart of the World က Pu Jiangမှာ မူရင်းခေါင်းစဥ်ပါ ဒါမဲ့ ထုတ်ဝေထားတဲ့ဟာက Just in Time for Love/ Season of Loveလို့ ခေါင်းစဥ်ပြန်ပြောင်းထားတယ်!"

"အင်း" Song Nanchuanသည် သိသာစွာ ပြန်တုံ့ပြန်လိုက်သည်။

Xiao Zhangသည် သူ့ရဲ့ အကြံပြုချက်ကို ဆက်ပြောလိုက်သည်၊ "စီးရီးကို တင်တဲ့အချိန်တုန်းက ဒါက အပတ်စဥ်ဇယားမှာ ထိပ်မှာပဲ အမြဲတမ်းရှိတာ. ပုံနှိပ်ထုတ်ဝေတဲ့ ဝတ္ထုကလဲ တော်တော်လေး လူကြိုက်များလို့ အထပ်ထပ်အခါခါ ပြန်ပုံနှိပ်ရတယ်. ပြီးတော့ 'လီမွန်ပြုတ်'ရဲ့ ဝတ္ထုတစ်ပုဒ်ကို တီဗီဒရာမာအဖြစ် ပြန်အသက်သွင်းထားတာ တစ်ခုရှိတယ်. အဲ့ကားမှာ KaiHuangရဲ့ Zhang Chengyiက ခေါင်းဆောင်မင်းသား၊ အဲ့ဒါကြောင့် 'လီမွန်ပြုတ်'က ဒီတစ်ခါမှာလည်း သူ့ကိုပဲ ခေါင်းဆောင်မင်းသား ပေးဖြစ်ချင်နေတယ်."

Song Nanchuanသည် အနုပညာလောကက နာမည်ကြီးများကို အရမ်းကြီး မသိနေပါ၊ ထို့ကြောင့် သူသည် Xiao Zhangကို ပြောလိုက်သည်၊ "Zhang Chengyiအကြောင်း စုံစမ်းလာခဲ့. ပြီးတော့ ဒီဝတ္ထုကလဲ ဘာအကြောင်းလဲ?"

"ဇာတ်လမ်းက အသားကို စားရတာ ကြိုက်တဲ့မိန်းကလေးတစ်ယောက်နဲ့ အသားချက်တဲ့နေရာမှာ အင်မတန်တော်တဲ့ စားဖိုမှူးတို့ အကြောင်းပါ! မြူးကြွပြီး လူငယ်ဆန်တဲ့ မော်ဒန်ဒရာမာကားပါ. တအားကို ရိုးသားဖြူစင်ပြီးတော့ အနမ်းခန်းတစ်ခန်းမှ မပါဘူး!"

"အင်း." ကြားရတာ မဆိုးဘူးပဲ။

သူ့ဘော့စ်ရဲ့လေသံကို ကြားသောအခါ Xiao Zhangသည် ကျေနပ်သွားသည်။ သူ နောက်ဆုံးတော့ စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်၊ "ကျွန်တော် စဥ်းစားကြည့်ပြီးပြီး. Ms Peiက အခု နာမည်သိပ်မကြီးသေးဘူး အဲ့တော့ တီဗီစီးရီးရိုက်တာက ရုပ်ရှင်ကားရိုက်တာထက် သူမကို နာမည်ပိုကြီးလာနိုင်စေတယ်."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now