Chapter 3

4.8K 465 4
                                    


Unicode Font

3. ရင်တဒိန်းဒိန်းခုန်ခြင်း

ငါ ကြားတာ မနေ့ညတုန်းက နင် Song Nanchuanရဲ့ကားနဲ့ ပြန်လာခဲ့တာဆို?

Pei Yingသည် အိမ်ပြန်ရောက်သောအခါ သူမ၏ဒေါက်ဖိနပ်ကို ချွတ်လိုက်ကာ အိပ်ရာပေါ်သို့ အိပ်ချလိုက်သည်။

သူမ၏နှလုံးခုန်သံမှာ ကျယ်နေဆဲပင်ဖြစ်သည်။ သူမခေါင်းထဲတွင် Song Nanchuan၏ ပုံတွေနှင့်သာ ပြည့်နှက်နေသည်။

သူ၏ နူးညံ့ပြီး အမည်းရောင်ဆံသား။ သူ၏ အရောင်ဖျော့သောနှုတ်ခမ်းက အပေါ်ကို တက်သွားတာ။ ထို့အပြင် မျက်ရည်စက်ကဲ့သို့ရှိသောမှည့်မှာလည်း သူမစိတ်ထဲတွင် စွဲနေသည်။

သူမ၏လက်များနှင့် မျက်နှာကို အုပ်လိုက်သည်။ သူမ သူ့ကို တစ်ခါပဲ တွေ့ဖူးသေးတာ ဘာလို့ သူမ အရူးလို ဖြစ်သွားတာလဲ ရုပ်ရည်ကို တော်တော်တပ်မက်တာပဲ။

သူမ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်နေသောအချိန်တွင် သူမ၏အိတ်ထဲရှိ ဖုန်းမှ သာယာပြီး နားထောင်ကောင်းသော တယောသီချင်းမြည်လာသည်။

Pei Yingသည် သူမအိတ်ကို ယူကာ ဖုန်းကို ရှာလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် 'Ren Shanshan' ဟူသော အမည် ပေါ်နေသည်။

"ဘာလဲ?" သူမသည် ပျင်းရိစွာမေးရင်း ဖုန်းကို ဖြေလိုက်သည်။

Ren Shanshanသည် တစ်ခုခုစားနေသည်ထင်ကာ သူမ၏မေးခွန်းများသည် လုံးနေသည်။ "နင် ဒါရိုက်တာနဲ့ တွေ့တာ ဘယ်လိုလဲ?"

ထိုအကြောင်း သတိပေးခြင်းခံရသဖြင့် Pei Yingသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ "ငါ အဲ့နေရာ ရလိမ့်မယ်မထင်ဘူး"

"ဘာလို့လဲ, နင် ဒါရိုက်တာကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ပြန်ပြီးလား?"

"မဟုတ်ပါဘူးဟာ. အဲ့ဒါက စီးရီးရဲ့ ရင်းနှီးမြှပ်နှံတဲ့သူတွေထဲက တစ်ယောက်လေ, CEO Zhu."

ထိုစကားတိုတစ်ကြောင်းတည်းနှင့် Ren Shanshanသည် မော်ဒန်မယ်လိုဒရာမာစီးရီးတစ်ခုအလား ကွက်လပ်တွေကို ဖြည့်နိုင်သွားပြီးဖြစ်သည်။ "အို, အဲ့CEO Zhu က နင့်ကို sexလုပ်ဖို့ ကြိုးစားခဲ့ပြီးတော့ နင် သူ့ကို ဆဲလိုက်လို့လား?"

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Donde viven las historias. Descúbrelo ahora