Chapter 57

2.1K 240 1
                                    

Unicode Font

57. 

သူတို့၏ အားလပ်ရက် အဆုံးသတ်သွားပြီးနောက် စိတ်ဖိစီးနေသော ရိုက်ကူးရေးအဖွဲ့နှင့် အလုပ်ပြန်လုပ်ရန် Pei Yingကို ဆွဲခေါ်သွားကြသည်။ Aမြို့ကို ပြန်ရောက်သောအခါ Mo Zhen၏မန်နေဂျာသည် သူ့လက်ထောက်အဖြစ် ပြန်လာခဲ့လေသည်။ ထိုမျက်နှာဝိုင်းစက်သောမန်နေဂျာက သူ့အနားတွင် အချိန်တိုင်း ဟိုသွား၊ဒီသွား လှုပ်ရှားနေသည်ကို မြင်တွေ့သောအခါ Pei Yingသည် သူ့အတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။

Mo Zhen၏မန်နေဂျာသည် KaiHuangတွင် ထိပ်တန်းအေးဂျင့်ဖြစ်ပေမဲ့ ရိုက်ကွင်းမှာတော့ သူက နာနီတစ်ယောက်လို ဖြစ်နေသည်...

လူသေအလောင်းတစ်လောင်းကို သူတို့ ဝှက်ထားသည့်အခန်းကို ရိုက်ကူးပြီးနောက် ဒါရိုက်တာက ရပ်ခိုင်းလိုက်သည်။ လူသေအလောင်းအဖြစ် သရုပ်ဆောင်နေသော ဖြတ်လျှောက်သရုပ်ဆောင်သည် မြေကြီးပေါ်က ထလာပြီး သူ့မျက်နှာတွင် သွေးတုများဖြင့် ပေကျံနေသည်။

"Pei Ying ကျွန်တော်က မင်းရဲ့ ပရိသတ်တစ်ယောက်ပါ! ကျွန်တော့်ကို လက်မှတ် ထိုးပေးလို့ရမလား?"

သူသည် Pei Yingဘေးနားတွင် ရုတ်တရက် ပေါ်လာခဲ့သောကြောင့် သူမကို အနည်းငယ် လန့်ဖြန်သွားစေသည်။ သူမသည် သူ့ကို ပြုံးပြလိုက်ကာ ပြောလိုက်သည်၊ "ရတာပေါ့. ဒါမဲ့ အရင်ဆုံး သွေးတွေကို သွားမဆေးချင်ဘူးလား?"

"ရပါတယ်. ကျွန်တော် နောက်မှ ကိုယ့်ဟာကိုယ် ဆေးကြောလိုက်ပါ့မယ်." ထိုဖြတ်လျှောက်သရုပ်ဆောင်သည် သူမအနားတွင် အမောတကော ဟိုစမ်းစမ်း၊ သည် စမ်းစမ်းဖြစ်နေပြီး Pei Ying လက်မှတ်ထိုးရန်အတွက် တစ်ခုခုကို ထုတ်ချင်နေသည့်အလားဖြစ်နေသည်။ "ကျွန်တော့်အပေါ်မှာ ဒီတိုင်း လက်မှတ်ထိုးလိုက်ပါဗျာ. ဒါက ကျွန်တော့်အဝတ်တွေပဲမလို့ ကျွန်တော် လျှော်မှာ မဟုတ်ဘူး!"

Pei Yingသည် သူမလက်ထောက်ဆီမှ ဘောပင်ကို ယူလိုက်ပြီး သူ့ရှပ်အင်္ကျီပေါ်တွင် သူမနာမည်ကို လက်မှတ်ထိုးလိုက်သည်။ အချို့သောအကြောင်းအရင်းများကြောင့် သူမ စပွဲဦးထွက်သော အချိန်တုန်းက တက်စီဒါရိုင်ဘာတစ်ယောက်ကို လက်မှတ်ထိုးပေးဖူးခဲ့သည့်အကြောင်းကို ရုတ်တရက် သတိရလာခဲ့သည်။ ထိုအချိန်တွင် သူလည်း သူမကို သူ့အဝတ်အစားတွင် လက်မှတ်ထိုးခိုင်းခဲ့သည်။ သူမသည် သူ အခုချိန် ဘာတွေများ လုပ်နေသလဲဆိုသည်ကို သိချင်သွားသည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now