Chapter 2(Unicode)

3.7K 159 5
                                    

ကျွန်တော်ကလေ..ငယ်ငယ်တည်းက အစွဲအလန်းသိပ်ကြီးတာ...

အပေါင်းအသင်းဆိုလို့လဲ လက်ချိုးရယ်လို့ရတယ်..သူငယ်ချင်းလည်း မရှိသလောက်ရှားတယ်လေ..

အရင်းနှီးဆုံး သူငယ်ချင်းဆိုလို့လည်း ကျွန်တော် နာမည်ပြောင်ပေးထားတဲ့ ပေါက်စီတစ်ယောက်ဘဲရှိတာ...သူက ကျွန်တော်ရဲ့ အတွင်းသိ..အဆင်းသိ..ငယ်သူငယ်ချင်းကြီး ဆိုပါတော့...

ပေါက်စီလို့ ခေါ်ပါများလို့ တခါတရံ သူ့နာမည်အရင်း ကောင်းခန့်ဆိုတာတောင် မသိတော့ဘူး..

လူတစ်ယောက်ကို တွေ့ရင် ဘယ်လို ပြောဆိုရမယ်..ခင်ခင်မင်မင် ဘယ်လို ပေါင်းသင်းရမယ်ဆိုတာကို ကျွန်တော်မသိဘူး...

ဒါပေမယ့် ကျွန်တော့်ကို ကျွန်တော် အံ့ဩတယ်..

စောစောက ကျွန်တော် သဘောကျနေသော သူကို တိတ်တဆိတ်သွားချောင်းတာ လူမိသွားလို့ ပြေးထွက်လာရင်း ရုတ်တရက် တိုက်မိသော ကောင်လေး...

အင်း..အကောင်ပေါက်လို့ ပြောရင် ပိုမှန်မလားဘဲ...

ဆေးရုံ ဝတ်စုံ ဝမ်းဆက်လေးနဲ့ ...သေးသေးနဲ့ ဖြူဖြူဥဥလေးရယ်..

သူ့မျက်နှာက တော်တော် ချစ်ဖို့ ကောင်းတယ်...ကျွန်တော်လေ..သူ့ကို မြင်တော့ ညီလေးတစ်ယောက်ကောက်ရလိုက်သလိုဘဲ..သူနဲ့ အရမ်း ခင်ချင်လာတယ်...

အခုကစပြီး အကောင်ပေါက်လေးက ကျွန်တော့်ရဲ့ အပိုင်လေးလို့ ကျွန်တော် မှတ်ယူလိုက်တယ်..

ကျွန်တော်ကလေ..ကျွန်တော်ပိုင်တဲ့ ပစ္စည်းကို သူများလာထိရင် မကြိုက်ဘူး...

စောစောကလည်း ပေါက်စီက အကောင်ပေါက်လေးကို တယုတယကိုင်ပြီး ဆေးထည့်ပေးနေတာတွေ..ရင်းရင်းနှီးနှီးစကားပြောနေတာတွေ...ကျွန်တော်မကြိုက်ဘူး..

ကျွန်တော်တောင် မသိတဲ့ အကောင်ပေါက်လေးရဲ့ နာမည်ကို အဲ့အကောင်က သိတယ်လေ..

အဖျားတောင်ဆွတ်ပြီး..ဘာလဲ...နှောင်းလေးဆိုလားဘဲ...သူ့ကိုယ်သူလည်း ကိုကိုကြီးတဲ့..ဟက်...ရယ်ချင်သေးတယ်..

ကိုကိုကြီးတော့မဟုတ်ဘူး..ကိုပိုကြီးလို့ မင်းကို ခေါ်ရမှာဟေ့...

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now