'ဟင်..ယောက်ျား...ဟက်...ချောတာ...'
'ဘယ်လို...???'
'ဒီက ယောက်ျားကို အားကြီး..ချစ်တယ်နော်...'
'ဟင်...'
'နော်လို့ ယောက်ျား..ဒါကြောင့်ဒီက မိန်းမကို ပြစ်မသွားနဲ့..'
'ဟက်...မင်းမူးများနေလား...'
'အင်း...နည်း..နည်း..ပိစိလေးပါ..ယောက်ျားရယ်...ဟိ...'
'အော်..ဟုတ်သား..ငါအိမ်သာခဏသွားတုန်းမင်း ငါ့ခွက်ထဲက ဝိုင်တွေ ယူသောက်ထားတာဘဲ...မူးမှာပေါ့..ဝိုင်က နှစ်ချို့ဝိုင်တွေကိုး...ဟင်း...နိုးပြီမလား..နိုးရင်လည်းဆင်း...ငါ မချီနိုင်ဘူး မင်းကို...'
'ဟင်း...အင်း..ရက်စက်ချက်ဘဲ ယောက်ျားက..ဟွန့်...'
'.....'
ရှင်းစက်က နှောင်းရိပ်ကို ပွေ့ထားတာမှ အောက်ကို ချလိုက်တော့ ယိုင်တိုင်တိုင်နဲ့ လျှောက်နေသော နှောင်းရိပ်..
'အင်း..ဘာလို့ အခန်းကြီးက ချာလပတ်လည်နေတာလဲ...??ဟက်..ရဟတ်ကြီးထဲ ရောက်နေသလိုဘဲ...ဟိ..'
'ဟိတ်...ဟိုတစ်ယောက်..အိပ်ယာက ဒီဘက်မှာလေ..မင်းသွားနေတာက...'
'ဒုန်း...!!!'
'အ..အမလေး..နာတာ...လူဆိုးကြီးရဲ့..သူများခေါင်းကို...ဟွန့်...မကောင်းတဲ့ ကျင့်ပုတ်ကြီး...အင့်..အဲ့ဒါ သူများကို ထုမိလို့...'
'ဒုန်း..ဒုန်း..!!'
ဝင်တိုက်မိတာက သူ...တိုက်မိသော ဗီဒိုကို နှုတ်ခမ်းတထော်ထော်နဲ့ ရန်တွေ့နေပြီး လက်ကနေလည်း ရိုက်တဒုန်းဒုန်းနဲ့ ရိုက်နေသော နှောင်းရိပ်ကို ရှင်းစက် ကြည့်နေမိသည်။
အစကတည်းက မင်း ငါနဲ့သာ မတွေ့ခဲ့ မပတ်သက်ခဲ့ရင် ငါမင်းကို ရက်စက်စရာမလိုဘူး နှောင်းရိပ်...အခုတော့ မင်းရဲ့ ကံပေါ့...
'ကဲ...လာ..ငါပဲတွဲပို့တော့မယ်...'
'ဟိ..ကျေးကျူး ယောက်ျား...'
'အော်..စကားတောင် မပီတော့ဘူးလား...'
'ဟွန်း...အိပ်ချင်ပါတယ်ဆို..ရှူး...နှောင်းရိပ်အိပ်တော့မယ်နော်..ယောက်ျားရေ..good night...'
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...