Chapter 4(Unicode)

2.5K 108 2
                                    

နေ့ရက်တွေက တရွေ့ရွေ့နဲ့ အကုန်မြန်လိုက်တာ...

အခုဆို အကိုရှင်းနဲ့ နှောင်းရိပ်ခင်လာတာ ၆လတောင်ရှိတော့မယ် သိလား

အရင်က အကိုရှင်း သားစီလာရင် သဘောမကျသောမမဟာဆိုရင် ပြောင်းလဲလာပြီ..အကိုရှင်းနဲ့မမလည်း အဆင်ပြေလာပြီလေ..

တခါတလေ နှောင်းရိပ်စီ ဆေးစစ်ဖို့ မမလာလို့  အကိုရှင်းကို မတွေ့ရင် မမက သူမလာသေးဘူးလားလို့တောင် မေးလာပြီ...

ကျွန်တော် ပျော်တယ်..ကျွန်တော့်မှာ ကျွန်တော့်ကို သိပ်ချစ်တဲ့ ကြီးကြီးနဲ့ဘဘလည်း ရှိတဲ့ အပြင် ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့ မမနဲ့ အကိုရှင်းလည်း ကျွန်တော့်မှာရှိတယ်လေ...

​အရင်တုန်းက ဆေးရုံတက်တုန်းဆိုရင် နှောင်းရိပ် အတွက် ပျင်းလွန်းလို့ တရက် တရက်ကို မြန်မြန် အကုန်မြန်စေချင်ခဲ့ပေမယ့် အခုတော့ နှောင်းရိပ်တစ်ယောက် အချိန်တွေကိုပင် ရပ်တန့် ပစ်လိုက်ချင်တယ်..ရှိရှိသမျှ နာရီတွေရဲ့ လက်တံတွေကို နောက်ထပ် တစ်မိနစ် မဟုတ်ဘူး တစ်စက္ကန့်တောင် မကုန်စေချင်တာ..

နှောင်းရိပ်နဲ့ အကို ရှင်းနဲ့ စတွေ့ခဲ့တဲ့ နေ့ကစပြီး နောက်ရက်တွေမှာလည်း အကိုရှင်းက သူကတိပေးထားတဲ့ အတိုင်း အမြဲလိုလို ရောက်လာတတ်တယ်...

နှောင်းရိပ်ကို အမြဲတမ်း အဖော်ပြုပေးခဲ့တယ်...

အမြဲတမ်းလိုလို တစ်ယောက်တည်းနေတတ်သော နှောင်းရိပ်က အခုဆို စကားပြောဖော်ရှိနေပြီလေ..

အကိုရှင်းက နှောင်းရိပ်ကို သူ့ရဲ့ ငယ်ဘဝတွေပြောရင် တခါတရံ နှောင်းရိပ်ပျော်အောင် ဟာသတွေ ထည့်ပြီး ပြောတတ်သေးတာ..

တခါတခါ ရယ်ရလွန်းလို့ ဗိုက်တွေတောင်နာတယ်...

တရက်...ဆေးရုံရဲ့ လေသာဆောင်မှာပေါ့

ညနေခင်းဆိုတော့ ပတ်ဝန်းကျင်က ပူမနေဘဲ လေအေးလေတွေက နေရာအနှံ့ကနေ တိုက်ခတ်နေတယ်...

ဆေးရုံခန်းထဲမှာဘဲ နေလေ့ရှိသော နှောင်းရိပ် ပျင်းနေမှာစိုးလို့ဆိုပြီး အကိုရှင်းက နှောင်းရိပ်ကို ဝှီးချဲလေးနဲ့ အပေါ်ကို ခေါ်လာခြင်းပင်..

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now