Chapter 23(Unicode)

2.1K 102 13
                                    

နှောင်းရိပ် အခန်းထဲရောက်တော့ အသင့်ရှိပြီးသား ဆေးဘူးတွေထဲကဆေးတွေကို ရေနဲ့ အလိုက်သင့်မျှောချရင်း သက်သာလိုသက်သာငြား ကုတင်ပေါ်မှာ ဒူးနှစ်ဖက်ကိုဖက်ကာ ခေါင်းကို ဒူးနှစ်ဖက်ကြားဝှက်လျက် ငြိမ်သက်စွာထိုင်နေမိသည်။

ဆယ်မိနစ်လောက်နေတော့ နှောင်းရိပ်ရဲ့ နှလုံးလည်း မအောင့်တော့တာကြောင့် တင်ပလွေခွေထိုင်ကာ ကိုကို့ရဲ့ အကြောင်းကို စဉ်းစားမိသည်။

ကိုကို...

ကိိုကိုက သိပ်ကို တော်လွန်းပါတယ်...

မှန်ပါတယ် ကိိုကိုပြောတာ...

နှောင်းရိပ်အခုချိန်ထိ ကိုကို့စီက ရတာဆိုလို့ရက်စက်မှုတွေနဲ့ အမုန်းတွေပါဘဲ...

အရင်ဘဝက နှောင်းရိပ်ဝဋ်ကြွေးတွေရှိခဲ့တယ်ထင်တယ်...ဒါကြောင့် အခု ဒီဘဝမှာ ပေးဆက်နေရတာထင်ပါရဲ့..

ဟက်...

နှောင်းရိပ်က မွေးကတည်းကကံမကောင်းခဲ့ဘူးထင်ပါတယ်...

မေမေနဲ့ ဖေဖေကို နှောင်းရိပ် မမှတ်မိခဲ့ဘူး...ကြီးမေတို့ပြောတာတော့ car accident တစ်ခုကြောင့် ဆုံးပါးသွားခဲ့တာတဲ့လေ..ဒါပေမယ့် မေမေ့ရဲ့ ကာကွယ်ပေးမှုကြောင့် နှောင်းရိပ်ကတော့ အဲ့တုန်းက ဘာမှ မဖြစ်ခဲ့ပါဘူး..အဲ့တုန်းက နှောင်းရိပ်က နှစ်နှစ်ဝန်းကျင်လောက်ပေါ့...နှောင်းရိပ်မှာ နှလုံးရောဂါရှိနေပြီဆိုတာစသိတဲ့အချိန်လေ..

နှောင်းရိပ်မှာ မေမေ့ဘက်က အဘွားလည်းရှိတယ်...ဒါပေမယ့် ဘွားဘွားက မေမေတို့ဆုံးရတာနှောင်းရိပ်ကြောင့်..သက်ဆိုးမရှည်တဲ့ ကလေးဆိုပြီး နှောင်းရိပ်ကို ပစ်သွားခဲ့တာအခုထက်ထိပေါ့...

နောက်တော့ ကြီးမေတို့က နှောင်းရိပ်ကို ပြုစုစောင့်ရှောက်ပေးခဲ့တာလေ...

ဒါတွေကို ကြီးမေပြောပြလို့ နှောင်းရိပ်သိခဲ့ရတာ...

နှောင်းရိပ်ကြီးမေတို့ ဘဘတို့ရဲ့ ကျေးဇူးကြောင့် ပျော်ခဲ့ရပါတယ်...နှောင်းရိပ်ကို လိုအပ်တဲ့ ချစ်ခြင်းမေတ္တာတွေ နွေးထွေးမှုတွေကို ပေးခဲ့တယ်...

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now