Chapter 31(Unicode)

2.2K 101 13
                                    

'မင်း သိပြီမလား..ကေသရီက ငါ့ရဲ့ အိမ်သူသက်ထားဘဲ...'

'ဒါ..ဒါဆို နှောင်းရိပ်..ဟင့်..နှောင်းရိပ်ကရော..'

'မင်းက..ငါ့အတွက်တော့...'

'မောင်....ဖြေပါ...နှောင်းရိပ်က မောင့်အတွက် ဘာလဲ...??'

'ဟက်..မင်းမေ့နေပြီထင်တယ်...ငါ မင်းကို အရင်တည်းက ပြောခဲ့ပါတယ်...အစကတည်းက မင်းကို လက်ထပ်ယူခဲ့တယ်ဆိုတာက လက်စားချေဖို့ဆိုတာ...ဘာလဲ ငါ ဒီရက်ပိုင်းအတွင်း မင်းအပေါ် ကောင်းခဲ့လို့ ဦးနှောက် ပျက်သွားတာလား နှောင်းရိပ်...'

'မောင်....မပြောပါနဲ့..ဟင့်..အဲ့လိုမပြောပါနဲ့ မောင်ရယ်...နော်...မောင်နောက်မနေပါနဲ့တော့...ဟင့်..'

'နှောင်းရိပ်...ငါ့ကိုကြည့်...ငါ့မျက်လုံးကို မင်းမြင်အောင်ကြည့်စမ်း...ငါနောက်နေတာလား..အတည်လားဆိုတာ..မင်းကိုယ်တိုင်ဘဲ ကြည့်စမ်း...'

ရှင်းစက်တစ်ယောက် နှောင်းရိပ်ရဲ့ ပုခုံးနှစ်ဖက်ကို လှုပ်ရမ်းကာပြောတော့

'ဟင့်အင်း..ဟင့်...နှောင်း..ရိပ်..မကြည့်ရဲဘူး...မောင်..'

'တောက်..!!!ကြည့်စမ်း...နှောင်းရိပ်...ငါပြောနေတယ်လေ...!!'

'ရှင်းစက်...မင်းတော်လောက်ပြီ...ကလေးက မင်းအပေါ်ကို ဘာအပြစ်လုပ်ထားလို့ မင်းအဲ့လောက်ထိ ရက်စက်ရတာလဲ...ဟင်..'

'အော်..ဘဘရယ်...မသိတော့တာလား..မေ့ချင်ရောင်ဆောင်နေတာလား...'

'မင်းဘာကို ဆိုလိုချင်တာလဲ ရှင်းစက်...ရှင်းရှင်းလင်းလင်းပြော...'

'အော်...ကောင်းပြီလေ...ပြောရမှာပေါ့...ကျွန်တော် နှောင်းရိပ်ကို မုန်းတယ်...မုန်းတာထက်ကို ပိုတယ်...ဘာလို့လဲဆိုတာတော့ ဘဘတို့ စဉ်းစားကြည့်ပေါ့..လွန်ခဲ့တဲ့ သုံးနှစ်က သဒ္ဓါဆိုတဲ့ ကောင်မလေး ....သူ့အပေါ် ခင်ဗျားတို့ ဘာတွေလုပ်ခဲ့တာလဲ...သူ သေရတာ ခင်ဗျားတို့ရဲ့ အတ္တကြောင့်...အထူးသဖြင့် နှောင်းရိပ်..သူက သဒ္ဓါရဲ့ နှလုံးသားကို ခိုးယူခဲ့တာ...'

'မဟုတ်ဘူး..ရှင်းစက်..မင်း..မင်းမှားနေပြီ...ဒီကိစ္စက မင်းထင်သလိုမဟုတ်ဘူး..'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now