Chapter 16(Unicode)

1.8K 87 13
                                    



'မင်းအတွက်ဆိုရင်...🎼'

'ဒို့ဟာ အရာရာစွန့်ရဲနယ်...🎼'

'ရက်စက်ပြီးတော့ သွားမှာကိုသာ အကြောက်ဆုံးဘဲ...🎼'

'လာ..လာလားလာ..လားလာ..လားလာ..လာလားလား...'

'ဒုန်း..ဒုန်း..ဒုန်း...!!'

'သားငယ်...'

'ဗျာ...ဟုတ် ဘဘ...'

'ရေချိုးတာ ကြာလှချည်လား...အကြာကြီး မချိုးနဲ့လေ..တော်ကြာ အအေးမိနေဦးမယ်...'

'ဟိ..ဟုတ်...ဘဘ..မမီးမီးခဲရဲ့ သီချင်းနဲ့ ငြိမ့်နေတာနဲ့ ကြာသွားတာ..သား အခု ထွက်လာပြီနော်...'

'အေး...'

'ကျွီ...!!'

'အမလေး...အေးလိုက်တာ...အင်္ကျီမြန်မြန်ဝတ်မှ...'

'ဒီနေ့ ဘာဝတ်ရင်ကောင်းမလဲ...???'

'ကိုကို...အဲလေ...မောင်နဲ့ ဆင်တူဝတ်ရမယ်...'

'ဟူး..ဒါပေမယ့် ခက်တာက မောင်က ဒီနေ့ ဘာဝတ်လာမလဲ မသိဘူး'

'မောင့်ကို ဖုန်းဆက်ပြီး မေးကြည့်ရင်ရော...'

'နေပါ..မောင် ကားမောင်းနေရင်း ဖုန်းကိုင်လိုက်လို့ တခုခုဖြစ်မှ..ဟိုတလောက ရင်ဘတ်က ဒဏ်ရာတောင် အရှင်းမပျောက်သေး...'

'အင်း...စဉ်းစားစမ်း..မောင်က...အမဲဝတ်နေကျဆိုတော့ နှောင်းရိပ်က အဖြူလေးဘဲ ဝတ်လိုက်မယ်..အဖြူအမဲဆိုတော့လည်း လိုက်ဖက်မှာ...'

'တီ..တီ..တီ...!!!'

'အယ်...ခြံရှေ့က ကားဟွန်းတီးသံကြားတယ်..မောင်လားမသိဘူး...ငါရစ်နေတာနဲ့တင် မောင်စိတ်ဆိုးတော့မှာဘဲ ..မဖြစ်ဘူး..မြန်မြန်ပြင်မှ...'

ဆယ်မိနစ်အကြာ

နှောင်းရိပ်လည်း လှေခါးပေါ်ကနေ ကမန်းကတန်း ပြေးဆင်းလာတော့ ဧည့်ခန်းထဲမှာ ထိုင်နေသော ကြီးမေက

'ဟဲ့..သားလေး..ဖြေးဖြေးဆင်းလေ..ခြေချော်မှဖြင့်..'

'ဟူး...ဟိ...သား..နည်းနည်းလောနေလို့ ကြီးမေ..'

'အွန်း..ပြောလိုက်ရင်တော့ ဒီလိုချည်း...'

'ဟိ...ဒါနဲ့ ဘဘရော...ကြီးမေ..'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now