🎶တခါတလေတော့လည်း .....အဝေးဆုံးကို ထွက် ပြေးသွားချင်ပေမယ့်လည်း....
ကိုယ့်ရဲ့စိတ်တွေ အမြဲတမ်းမင်းစီမှာဘဲ....
ထာဝစဉ်မမေ့ဘူး ရင်ထဲက ...
အမြဲစွဲလမ်း ချစ်နေဦးမယ်....
ရင်ခုန်ရင်း တမ်းတရင်း ကြေကွဲ...
ကိုယ်ဟာ မင်းလေးအတွက်တော့ အရုပ်ကလေး တစ်ရုပ်ပါဘဲ....🎶ဟင့်....မောင်....အဲ့သီချင်းလေးထဲကအတိုင်းဘဲ တခါတရံမှာလေ နှောင်းရိပ်မောင့်အနားကနေ ထွက်ပြေးချင်မိတယ်....
ဒါပေမဲ့လေ မောင့်ကိုချစ်တဲ့ စိတ်ကြောင့်ဘဲ နှောင်းရိပ် မောင့်အနားမှာ အခုထက်ထိရှိနေခဲ့တာ...
အဲ့ဒါတွေ မောင်ကသိမှာမဟုတ်ပါဘူး....
မောင်ရယ်....နှောင်းရိပ် ကို အခုလို ရက်စက်မှ ဖြစ်မှာလားဟင်...
ဟင့်.....
တကယ်ဘဲ မောင်က နှောင်းရိပ်ကို လက်ထပ်ခဲ့တာဟာ မမအတွက် လက်စားချေဖို့....
နှောင်းရိပ်ကို မုန်းလို့ သက်သက်ဘဲလားဟင်မောင်....
နှောင်းရိပ်ကို ချစ်တယ်လို့ ပြောရင်လေ နှောင်းရိပ်ဘယ်လောက် ပျော်လဲဆိုတာကို သိရဲ့လားမောင်....
အဲ့စကားက အလိမ်အညာဖြစ်ရင်တောင်မှပေါ့...နှောင်းရိပ်ကို မောင်က ပြောတယ်....နှောင်းရိပ်ဆိုတာ ဒီလောကြီးထဲမှာ အထူးသဖြင့် အခုချိန်မှာ မရှိသင့်ဘူး...အဲ့အချိန်ထဲက သေသွားသင့်တာ...
နှောင်းရိပ်ကြောင့် မမက ဆုံးပါးသွားခဲ့ရတာ....ဟုတ်လားဟင်...အမှန်တော့လေ....နှောင်းရိပ်ရဲ့ နှလုံးအလှူရှင်ကို နှောင်းရိပ်မသိခဲ့ပါဘူး....
မမဘာကြောင့် ဆုံးပါးသွားရတယ်...ပြီးတော့ မမက နှောင်းရိပ်နှလုံးရဲ့ အလှူရှင်ဖြစ်နေခဲ့တာရောကိုလည်း နှောင်းရိပ်မသိခဲ့ပါဘူးမောင်...နှလုံးအလှူရှင်က မမြဖြစ်နေတာကိုလည်း မောင်ပြောမှသာ သိခဲ့ရတာပါမောင်ရယ်...ကြီးမေနဲ့ ဘဘရော နှောင်းရိပ်မသိခဲ့တဲ့ ဒီအကြောင်းတွေကို သိနေခဲ့တာလား...???
သိနေရင်တောင် ဘာလို့ နှောင်းရိပ်ကို မပြောပြခဲ့ရတာလည်းဆိုတာ နှောင်းရိပ်သိချင်မိတယ်မောင်ရယ်....
ဟင့်...မောင်ရယ်...
မောင်ပြောတာမှန်ပါတယ်...
နှောင်းရိပ်မှာကေသရီလို ခန္ဓာကိုယ်မှာအမို့အမောက်တွေမရှိဘူး...မောင့်မျိုးဆက်လည်း နှောင်းရိပ်မမွေးပေးနိုင်သလို သူမလို ဆွဲဆောင်မှုမရှိခဲ့ရင်တောင်မှ တခုဘဲ မောင့်ကိုချစ်တဲ့ နှောင်းရိပ်ရဲ့ အချစ်တွေကို သူမ မှီနိုင်ပါ့မလား...
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...