ရိပ်ရဲ့ ကိုယ်ဝန် ၅လထဲရောက်ပြီ...
အခုလည်း ရှင်းစက်ရဲ့ ဘေးကနေ လှုပ်စိလှုပ်စိနဲ့ လှုပ်နေသော အကောင်ပေါက်ကြောင့် ရှင်းစက်မှာ ဘေးသို့ စောင်းငဲ့ကြည့်လိုက်တော့ သူလေးက ကုတင်ပေါ်ကနေထဖို့အလုပ် ရှင်းစက်လည်း သူလေးရဲ့ လက်ကို အမြန်လှမ်းဆွဲလိုက်တော့ ကျွန်တော့်ကို မျက်ပြူးလေးနဲ့ ကြည့်လာသော သူပါလေ
'ဟင်..ခင်ဗျားက မအိပ်သေးဘူးလား...ခင်ဗျားဘဲ ဒီနေ့ ရုံးမှာ ပင်ပန်းလာလို့ဆို...ညနက်နေပြီ...အိပ်တော့လေ...'
'အော်...ကိိုကို့ရဲ့ ဘေးက ရိပ်က လှုပ်စိလှုပ်စိလုပ်နေတော့ ကိုကိုက ဘယ်လိုအိပ်ပျော်မတုန်း...ဟက်..'
'အာ..sorryဗျာ...'
'ရပါတယ်ဗျာ..ဒါနဲ့ ရိပ် ဘယ်သွားမလို့လဲ...ကိုကို ပါ လိုက်ခဲ့မယ်လေ...'
'အိမ်သာကို..ခင်ဗျားက လိုက်ချင်သေးတာလား..ဟင်...'
'ရိပ်ခွင့်ပြုရင်ပေါ့...ဟိ...'
'ဂွပ်..!!!'
'အ့..ရိပ်ခေါက်ပြန်ပြီကွာ..ကိိုကို့ခေါင်းတော့ အာလူးထသွားပြီလားမသိ...'
'ဘယ့်နှယ်..အိမ်သာထဲသွားတာ လိုက်စရာလား...??ခင်ဗျားအပြစ်နဲ့ခင်ဗျားဘဲ....'
'မလိုက်နဲ့ဆိုလည်း မလိုက်ပါဘူးရိပ်ရယ်..ဒါပေမဲ့ တံခါးတော့ lock မချထားနဲ့နော်...တစ်ခုခုဆိုရင်...ကိုကိုဝင်လာလို့ရအောင်...အပြင်ကနေ ရိပ်ကို စောင့်နေမယ်...'
ရိပ်လည်း ရှင်းစက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောမရလည်း သဘောဆိုသော ပုံစံဖြင့် မေးငေါ့ပြကာ အိမ်သာထဲ ဝင်သွားတော့သည်။
ဒါတောင် ၅စက္ကန့်ခြားတစ်ခါ စကားလှမ်းပြောသေး
'ရိပ်...'
'အထဲမှာ အဆင်ပြေလား...'
'ကိိုကိုဝင်လာရမလား...??'
'ရိပ်..တစ်ခုခု...'
'ပြီးပြီဗျို့...'
ဟင်း..သေးပေါက်တာတောင် ကောင်းကောင်းမပေါက်ရတဲ့ နှောင်းရိပ်ဘဝ...😩😩
'ဟိ..ရိပ်..ထွက်လာပြီ...'
'ဟွန့်...'
'ရိပ်...ဘယ်..ဘယ်သွားမလို့လဲ...ကိိုကိုလည်းလိုက်မယ်လို့...'
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...