Chapter 30(Unicode)

2.4K 91 17
                                    

ကို..ကို..လား..ဟင်..??'

ထိုစကားလုံးလေးတွေကို နှောင်းရိပ် အားယူကာမေးမိသည်။

ပြီးတော့ နှောင်းရိပ်ရဲ့ ကမ္ဘာတစ်ခုလုံး ရုတ်ခြည်းအမှောင်ကျသွားတော့သည်။

'နှောင်း...ရိပ်...နှောင်းရိပ်...!!'

ခေါ်သံကို ကြားပေမယ့် နှောင်းရိပ် ပြန်မထူးနိုင်ခဲ့ပါ...

အတန်ကြာတော့ နှောင်းရိပ် သတိပြန်ဝင်လာသည်။

'အင်း...ဟင်း...'

'နှောင်းရိပ်...သတိရပြီလား...ကိုယ် စိတ်ပူလိုက်ရတာ...'

'ဟင်...ခင်..ခင်ဗျားက...ကိုကိုမဟုတ်ဘူးဘဲ...'

'ဟုတ်ပါတယ်..ကိုယ်က ချာတိတ်ရဲ့ ကိုကိုမဟုတ်ပေမယ့် သေချာတဲ့ အမှန်တရားကတော့ ချာတိတ်ကို ကိုယ် ကယ်ခဲ့တာဘဲ...'

'သိပါတယ်...ကျေး..ကျေးဇူးပါ...အခုလို နှောင်းရိပ်ကို ကားနဲ့ ခေါ်လာပေးတဲ့အတွက်ရော...'

'ရပါတယ်ကွာ...ဒါနဲ့ ချာတိတ်ရယ်...ဘာလို့ တစ်ယောက်တည်း လာရတာလဲ...ဟင်..မတော်...တစ်ခုခုဖြစ်သွားမှဖြင့်...အဲ့နေရာက လူပြတ်ကပြတ်နဲ့ကို...'

'နှောင်းရိပ် အိမ်ပြန်မလို့ပါ..ခဏလေး သစ်ပင်ရိပ် ဝင်ခိုယုံပါ...'

'ဟူး...နောက်ဆို တစ်ယောက်တည်းမသွားနဲ့နော်...အဖော်နဲ့သွားပါ နှောင်းရယ်...အဖော်မရှိရင်လည်း ကိုယ့်ကိုပြောပေါ့..ကိုယ်လိုက်ပို့ပါ့မယ်..နှောင်းကို ကိုယ်စိုးရိမ်တယ်ကွာ..နော်...'

'ဟုတ်...သိ..သိပါတယ်...ဒါနဲ့ အခု ဘယ်သွားနေတာလဲဟင်...'

'ဆေးခန်းသွားမလို့လေ...နှောင်းတစ်ခုခုဖြစ်မှာစိုးလို့..'

'မဖြစ်ပါဘူး..ကျွန်တော် အိမ်ဘဲ ပြန်ပါရစေ..အိမ်ဘဲ လိုက်ပို့ပေးပါ...'

'အဆင်ပြေတာ သေချာလို့လား နှောင်းရယ်..နှောင်း ကြည့်ရတာ ဖြူဖပ်ဖြူရော်နဲ့ကို...လက်တွေလည်း တုန်လို့..'

'အဲ့..အဲ့ဒါက စောစောက ကြောင့်..လန့်သွားယုံပါ...နှောင်းရိပ် အိမ်ပြန်ချင်တယ်..အိမ်ကိုဘဲ ပို့ပေးပါနော်...'

'ဟင်း..ကောင်းပါပြီ..ကိုယ်ပြန်လိုက်ပို့ပေးပါမယ်...'

ခဏအကြာ...

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now