'ရှင်ကရော နှောင်းလေးစီကို ဘာအကြောင်းပြချက်ရှိလို့ လာရတာလဲ...ကလေးကို တစ်ခုခုထိခိုက်အောင် လုပ်မလို့လား..ကျွန်မ ခွင့်မပြုဘူးနော်...'ဟုဆိုပြီး သဒ္ဓါက နှောင်းလေးရဲ့ အရှေ့ကနေ ကွယ်ကာရပ်၍ စကားဆိုတော့
'ဟို..မ အထင်လွဲနေတာပါ..ကျွန်တော်က အကောင်ပေါက်..အဲလေ..နှောင်းရိပ်နဲ့ အသိတွေပါ...နှောင်းရိပ်လေးရဲ့ အကိုပါ...'
ရှင်းကတော့ နှောင်းရိပ် ကယ်ပါဦးဆိုတဲ့ အကြည့်နဲ့ နှောင်းရိပ်ကို ကြည့်ရင်းပြောလာတော့
'ဟို...မမ...ဟုတ်တယ်..အကိုရှင်းနဲ့ သားနဲ့က သိတယ်..ညီအကိုတွေလေ...'
'တွေ့လားမ..ကျွန်တော်ပြောသားဘဲ....'
'နှောင်းလေး..အဲ့လူ မင်းကို ခြိမ်းခြောက်ထားသေးလား..မကြောက်နဲ့နော်..မမကိုပြော..'
'မ..မဟုတ်ပါဘူးဗျ..တကယ်ပါ..အကိုရှင်းက မမထင်သလို မဟုတ်ပါဘူး...'
'သေချာလို့လား နှောင်းလေး..'
'ဟုတ်...'
'အဲ့တော့ ပြဿနာ ပြေလည်သွားပြီပေါ့နော် မ...'
'ဟွန့်...'
'ဟိ...'
'ကဲ..နှောင်းလေးရေ..ရယ်မနေနဲ့ ဆေးသွင်းရဦးမယ်..'
ဆေးသွင်းရဦးမယ် ပြောတော့ ပြုံးရယ်နေတဲ့ မျက်နှာလေးဟာ ရုတ်တရက် တည်ငြိမ်သွားပြီး ဘာသံမှ မထွက်တော့ဘဲ အိပ်ယာပေါ်မှာ အသာအယာလှဲပေးကာ လက်ကမ်းပေးရင်း
'မမ..ဒီတစ်ခါတော့ သိပ်မနာလောက်ဘူးမလားဟင်...'
'အင်း...မနာတော့ဘူးနော်..နှောင်းလေးက သတ္တိရှိလိုက်တာ...super hero ပေါက်စလေးကြနေတာဘဲကွာ..ကြောက်ရင် တစ်ခုခုကို ကိုင်ထားနော် ..နှောင်းလေးက လှုပ်လိုက်ရင် ပိုနာမှာ..ဒါကြောင့် ငြိမ်ငြိမ်လေးနေပေး..ဟုတ်လား..'
'ဟုတ်...'ဟုသာပြောတာ ခန္ဓာကိုယ်လေးကတော့ တဆတ်ဆတ် တုန်နေသော အကောင်ပေါက်...
ကျွန်တော်လည်း ကြောင်တောင်တောင်နဲ့ ငေးကြည့်နေတော့
'ဟိုတစ်ယောက်..ရှင် ဒီတိုင်းဘဲ ရပ်နေတော့မှာလား...'
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...