Chapter 24(Unicode)

2K 89 8
                                    

'ကေသရီ...'

'ဟာ..ထပ်တွေ့ကြပြန်ပြီနော်...နှောင်းရိပ်...'

ကြည့်ရတာ ဘုရားသခင်က နှောင်းရိပ်ကို အကြာကြီး ပျော်ရွှင်မှု မပေးချင်ဘူးထင်တယ်...

သူက ဒီအိမ်အထိကို လိုက်လာပြီး ဘာလာလုပ်တာလဲ???

ဘယ်လောက်တောင် စဉ်းစားနေမိလဲ နှောင်းရိပ်မသိ..ဘေးက ကိုကိုက နှောင်းရိပ်လက်ကို ကိုင်လှုပ်မှဘဲ

'ဟင်..မောင် ..'

'ရီလေးက ခေါ်နေတယ်လေ...'

'အော်...ဟုတ်..ပြော ကေသရီ...ဘာပြောချင်လို့လဲ...'

'အဟွတ်..အဟွတ်..!!!'

'ရီလေး...ရီလေး..ရ..ရဲ့လား...'

'ကိုကိုရှင်း...ရေ..ရေလေးခပ်ပေးလို့ရမလားဟင်..'

'ရတယ်..ကိုယ် ခပ်ပေးမယ်..ခဏနော်...'

ကိုကို ထွက်သွားတော့ စောစောက သေတော့မလို ချောင်းတွေအဆက်မပြတ်ဆိုးနေတဲ့သူက အခု  သူ မဟုတ်သလိုဘဲ ...

ပုံစံကိုက ရိုက်သတ်ချင်စရာ..

နှောင်းရိပ်ရဲ့ အတွေးထဲမှာတင် သူမဟာ အပိုင်းပိုင်းပြတ် အရေခွံခွာပြီးနေပြီလေ...

အားရလိုက်တာ...

'ဟက်...'

'နှောင်းရိပ်...'

'ဟင်...အော်...မဟိုဝါ...ချောင်းဆိုးတာ တော်တော်တူတယ်နော်....'

'ဟုတ်လား...အင်း..တို့က သရုပ်ဆောင် သင်တန်းဆင်းလေ...ဒီလောက်တော့ အေးဆေးပါ...'

'အော်...'

'ဒါနဲ့ မင်းကိုတို့ ပြောစရာရှိလို့ ကိုကိုရှင်းကို ပထုတ်လိုက်တာ...'

'ဆိုပါဦး...'

'မင်း ကိုကိုရှင်းနဲ့ ဝေးဝေးမှာနေပါ...'

'ဘာဖြစ်တယ်...??ခင်ဗျားရူးနေလား...'

'ဘာ...!!!မင်း....'

'ခင်ဗျားမေ့နေတာလား..မောင်နဲ့ ကျွန်တော်နဲ့က လက်ထပ်ထားတာလေ...ခင်ဗျားကသာ အပြင်လူပါ..နေချင်းနေ ခင်ဗျားသာ မောင်နဲ့ခပ်ကင်းကင်းနေ...'

'ဟက်...ကလေးရယ် ...ငါမရယ်ချင်ပါဘူး...ဘယ်သူပြောနိုင်မလဲ တစ်နေ့ငါက ဒီအိမ်ရဲ့ အတွင်းလူ..မဟုတ်ဘူး..ဒီအိမ်ရဲ့ အရှင်သခင်မတစ်ယောက်ဖြစ်လာမယ်ဆိုရင်ရော...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now