Chapter 26(Unicode)

2.2K 90 7
                                    

မနက်မိုးလင်းတာနဲ့ ထိတွေ့လိုက်ရတဲ့ ရှင်းစက်ရဲ့ တောင့်တင်းလှတဲ့ ရင်အုပ်ကျယ်ကြောင့် နှောင်းရိပ်တစ်ယောက် ရှက်လည်း ရှက်မိသလို နွေးထွေးပြီးလုံခြုံမှု ရှိတယ်လို့လည်း တချိန်တည်းခံစားမိတယ်..

အခု ခင်ဗျားတို့သိရဲ့လား...နှောင်းရိပ်က အခု ကိုကို့ရဲ့ ရင်ခွင်ထဲမှာလေ...

ကိုကိုက တခါတခါ တင်းနေအောင် နှောင်းရိပ် နောက်က ဖက်ထားတာများ အသက်ရှူတောင်ကျပ်တယ်..

ဒါပေမယ့် နှောင်းရိပ်မရုန်းမိပါ...ကိုကိုနဲ့ အခုလို နေရတာဟာ နှောင်းရိပ်အတွက် အရမ်းကိုတန်ဖိုးရှိတာကို...

နှောင်းရိပ် ကိုကို့မျက်နှာကို ကြည့်ချင်တာကြောင့် ညာဘက်စောင်းအိပ်နေရာမှ ဘယ်ဘက်စောင်းအိပ်တော့ ကိုကို့ရဲ့ တည်ကြည်ခံ့ညားတဲ့မျက်နှာကိုတွေ့ရတော့တာပေါ့..

ဟွန့်...ကိုကိုက အိပ်နေတာတောင်မှ မျက်နှာလေးကို ရှုံ့လို့...ဘာတွေများအလိုမကျဖြစ်နေရတာလဲမသိ...

ဒါလေးကလည်း တမျိုးကြည့်ကောင်းတာပါဘဲ...

ကိုကိုကမနေ့ညက နှောင်းရိပ်ကို အစစအရာရာဂရုစိုက်ပေးတာ...

အဲ့လိုသာ နှောင်းရိပ်အပေါ်ကိုကိုကောင်းပေးရင် နေ့တိုင်းသာ နှောင်းရိပ် ဖျားလိုက်ချင်တယ်...ဟိ..

နှောင်းရိပ်က ကိုကိုနဲ့ပတ်သက်လာရင် အရူးဘဲနော်...

နောက် သဘောကျစွာနဲ့ ကိုကို့ရဲ့ မျက်ခုံး မျက်လုံး...မျက်တောင်လေးတွေ နှာတံလေးတွေ...ပြီးနောက် နှုတ်ခမ်းလေးတွေကို လိုက်ထိတွေ့မိနေတော့သည်။

ကိုကို့ရဲ့ နှုတ်ခမ်းလေးကို နှောင်းရိပ်လက်နဲ့ ထိတွေ့နေစဉ် ရုတ်တရက်မျက်လုံးပွင့်လာသော ကိုကို့ကြောင့် နှောင်းရိပ်မှာလန့်ရပါသည်။

'မောင်..'

'ဘယ်နှစ်နာရီရှိပြီလဲ...'

'၆...၆နာရီပါ....'

'အွန်း..အစောကြီးဘဲရှိသေးတာကို ..ပြန်အိပ်မယ်...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now