Chapter 22(Unicode)

2.2K 93 18
                                    

နောက်ရက်တွေရောက်တော့ ကိိုကိုက သိသိသာသာကို နှောင်းရိပ်ကို ရှောင်ဖယ်လာသည်။

နှောင်းရိပ်ကို စကားမပြောသလို မျက်နှာချင်းလည်းမဆိုင်ပေ...

နှောင်းရိပ် ခြံထဲမှာရှိရင် ကိုကိုက အိမ်ထဲမှာ နေပြီး ဧည့်ခန်းထဲမှာ နှောင်းရိပ် တခါတလေ ရုပ်ရှင်ကြည့်နေရင်တော့ ကိုကိုက အပေါ်ထပ်ကိုသာ တက်သွားလေသည်။Breakfast စားရင်တောင်မှ ကိုကိုက နှောင်းရိပ်နဲ့အတူ မစားဖြစ်ပါ...

နေ့လည်စာနဲ့ ညစာဆိုရင်လည်း ကိုကိုက အပြင်မှာစားပြီးမှ ပြန်လာလေသည်။

တကယ်ပါဘဲ ကိိုကိုရယ်...ဘာတွေဖြစ်နေတာလဲ...

ဒါပေမယ့် ကိုကိုက ရုံးအပြန် ကိိုကို အားရင်တော့ နှောင်းရိပ်ကို လာကြိုပေးပါတယ်..စကားတော့မပြောဘူးပေါ့...

ဒီနေ့ နှောင်းရိပ် အတန်းဆင်းတော့ ကောင်းကင်ကို ကြည့်ကာ သက်ပြင်းရှည်ချမိသည်။

'ဟင်း....ညနေတောင်ရောက်တော့မှာဘဲ...ပြီးတော့ ဆောင်းတောင်ဝင်နေပြီလေ....'

ဆောင်းတွင်းရောက်ရင် နှောင်းရိပ်အတွက် အနည်းငယ်တော့ နေရခက်တယ်လေ...

ငယ်ငယ်ထဲက ဆောင်းတွင်းရောက်ပြီဆိုရင် နှောင်းရိပ် ခြေထောက်တွေက ဖောင်းပြီး ယောင်လာကာ လမ်းလျှောက်လို့ အဆင်မပြေဖြစ်ရတာလေ...

ဒီလိုကာလဆို အိမ်မှာ ကြီးမေရော ဘဘရောက အလုပ်ရှုပ်ပြီပေါ့...နှောင်းရိပ်ခြေထောက်ကို ရေနွေးလေးနဲ့ စိမ်စေပြီး အမြဲတမ်းယောင်နေတဲ့ ခြေထောက်ကို ခပ်ဖွဖွ နှိပ်ပေးလေ့ရှိတာ..မနှိပ်ပေးပါနဲ့ နှောင်းရိပ် ငရဲကြီးလိမ့်မယ်လို့ ပြောပေမယ့်လည်း မရ...

ကြီးမေတို့က နှောင်းရိပ်ကို အရမ်းဂရုစိုက်တာ...အရမ်းလည်းချစ်တာ...နှောင်းရိပ်အတွက်လိုလေသေးမရှိအောင်ကို အစစအရာရာ ဖြည့်ဆည်းပေးတာ...

ဒါတောင် နှောင်းရိပ်က ကြီးမေတို့ကို ပစ်ပြီး ကိုကို့ကို ရွေးချယ်ခဲ့တာပါ...အဲ့လောက်တောင် နှောင်းရိပ် ကိုကို့ကို သိပ်ချစ်ခဲ့တာပါ...

ကြီးမေတို့ ဘဘတို့ကိုလည်း နှောင်းရိပ် သိပ်ချစ်ပါတယ်..

ဒီရက်ပိုင်းအတွင်းကို နှောင်းရိပ် အရမ်းလွမ်းတာဘဲ ..ကြီးမေနဲ့ ဘဘကိုလေ...

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now