Chapter 43(Unicode)

2.6K 90 14
                                    

နှောင်းရိပ် အိပ်ယာက ပြန်နိုးလာတော့ ဘေးဘီဝဲယာကို တချက် ဝေ့ကြည့်လိုက်သည်။

အော်...နှောင်းရိပ် အခန်းထဲမှာဘဲရှိသေးတာဘဲ...

နာရီကို ကြည့်လိုက်တော့ မနက် ၆နာရီနဲ့ ၂၀မိနစ်...

နောက်ပြီး နှောင်းရိပ် ကိုကိုညနဲ့ ညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေဟာ ခေါင်းထဲ အစီအရီပေါ်လာတော့သည်။

ဒါဆို...အိမ်မက်မဟုတ်ဘူးဘဲ...တကယ်ဘဲ...ကိုကိုက ညက သူ့ကို အတင်း သိမ်းပိုက်ခဲ့တာဘဲပေါ့..

ဟင့်../ကိုကိုရာ..:ခင်ဗျားသိပ်ရက်စက်တာဘဲ...

ပြီးတော့...အင်္ကျီတွေက...ကိုကိုလဲပေးထားတာလား..???

နှောင်းရိပ် အတွေးနယ်ချဲ့နေရင်း

'ဟင်း...'

နှောင်းရိပ်ရဲ့ နောက်ကျောဘက်ကနေ ထွက်လာသော ညည်းသံ...

ကိုကို????

နောက်လှည့်ကြည့်ဖို့ ပြင်လိုက်ပေမယ့် နှောင်းရိပ် ရုန်းလိုက်တိုင်း ကိုကိုရဲ့ လက်တွေဟာ နှောင်းရိပ်ရဲ့ ခါးကို ပို၍တင်းကျပ်စွာ ဖက်ထားလေတော့သည်။

ငါးမိနစ်လောက် နှောင်းရိပ် မလှုပ်ဘဲ ငြိမ်နေလိုပ်တော့ ခဏပြာတော့ ကိုကို့ရဲ့ အသက်ရှူသံ ဖြေးဖြေးလေးကြားလိုက်ရပြီး လက်တွေဟာလည်း ပြေလျော့သွားတော့သည်။

ဒါနဲ့ဘဲ နှောင်းရိပ်လည်း အိပ်ယာမှ ထဖို့ ပြင်လိုက်သည်။

'အ့...'

နှောင်းရိပ်ရဲ့ အောက်ပိုင်းက ကျိန်းစပ်နေတာကြောင့်ရော..လှုပ်လိုက်တိုင်း နာကြင်ရတာကြောင့်အသံထွက်မိတော့သည်။ ပြီးမှ ကိုယ့်ပါးစပ်ကို ပိတ်ရတော့သည်။

နောက်...ညက အခန်းထဲမှာဘဲ ရှိနေသေးတဲ့ နှောင်းရိပ်ရဲ့ အဝတ်ထည့်ထားတဲ့အိတ်ကို ကောက်ဆွဲကာ အခန်းအပြင်မထွက်ခင် နှောင်းရိပ် ကုတင်ပေါ်မှာအိပ်ပျော်နေသော သူ့ရဲ့ ချစ်ရသူစီ အကြည့်တွေကရောက်သွားတော့သည်။

ခဏ..ခဏလေးပါဘဲ...

ကိုကို့ကို နောက်ဆုံးအနေနဲ့ နှောင်းရိပ် ကြည့်ပါရစေ...

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now