'ခင်ဗျားကို မုန်းတယ်..!!!!'
'ရိပ်..ကိုယ့်ကို ရိပ်ကြိုက်သလိုပြောပါ..ရိပ် ကြိုက်သလို ရိုက်ပါ..ကိုကို ခံနိုင်ပါတယ်..ဒါပေမဲ့..ရိပ်ကိုကို့ကို မုန်းတယ်ဆိုတဲ့ စကားတော့ မပြောပါနဲ့ကွာ...'
'မသိဘူး!!!မုန်းတယ်..မုန်းတယ်..ဟင့်..ခင်ဗျားဆိုတဲ့လူကြီးကို အရမ်းမုန်းတယ်..!!!!!'
'ရိပ်ရာ..ဘာလို့ရိပ်က ရက်အနည်းငယ်အတွင်း ပြောင်းလဲသွားရတာလဲကွာ...'
'ဟက်...ခင်ဗျားက သိပ်ရယ်ရတာဘဲနော် အကိုရှင်းစက်...ကျွန်တော်ပြောပြမယ်...
ကျွန်တော့်ကို အချစ်ဆိုတဲ့အရာရော ချစ်တတ်အောင်ရော သင်ပေးခဲ့တာ ခင်ဗျားဘဲ...
ကျွန်တော် ပြောင်းလဲသွားရတာလဲ ခင်ဗျားကြောင့်ဘဲ...ခင်ဗျားကိုယ်တိုင်ကဘဲ ကျွန်တော့်ကို ပြောင်းလဲစေခဲ့တာ...
ကျွန်တော့်ကိုခင်ဗျားအပေါ် ယုံကြည်အောင် အယုံသွင်းခဲ့တာလဲ ခင်ဗျားဘဲ...
ခင်ဗျားမရှိဘဲ ကျွန်တော်တစ်ယောက်တည်း မနေနိုင်အောင် သင်ပေးခဲ့တာလဲ ခင်ဗျားဘဲ...'
'ရိပ်ရယ်..ကိိုကို..မှားခဲ့တာသိပါတယ်ကွာ...'
'အကိုရှင်းစက်..ဆက်ပြီးနားထောင်ပါဦး...ခင်ဗျားကိုယ်တိုင်ဘဲ မေ့နေတာလေ..ခင်ဗျားကဘဲ ကျွန်တော် ခင်ဗျားအပေါ်မုန်းတတ်အောင် သင်ပေးခဲ့တာ...'
'....'
'ချစ်ရတာ သိပ်ကို ပင်ပန်းတယ်ဗျာ...
အစတည်းက နှောင်းရိပ် ခင်ဗျားကို မချစ်ခဲ့ရမှာ...
မချစ်ခဲ့ဘဲနဲ့ မုန်းခဲ့ရမှာ...
နှောင်းရိပ်က တကယ့်အရူးဘဲနော်...ခင်ဗျားပြောသမျှစကားတွေကို မှန်လားမှားလားဆိုတာကို ဘာဖြေရှင်းချက်မှတောင် မမေးဘဲ ခင်ဗျားရဲ့ အချစ်ကို ကျွန်တော်က မျက်စိမှိတ်ဇွတ်ယုံခဲ့တာ...
ဟက်..ခင်ဗျားသိရဲ့လား အကိုရှင်းစက်..အခုတော့ အဲ့တာတွေက နှောင်းရိပ်ကို ဒဏ်ခတ်နေပြီသိရဲ့လား...'
'ကိုကို နှောင်းရိပ်စိတ်ကိုနားလည်ပါတယ် အသဲအသက်ရယ်...'
'နှောင်းရိပ်မချစ်ချင်တော့ဘူး...
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...