စိတ်ကဘဲ လောနေတာလားမသိ နှောင်းရိပ် ..အကိုရှင်း ချိန်းထားတဲ့နေရာကို ခပ်မြန်မြန် လျှောက်လာခဲ့သည်။'ဟောဟဲ..ဟောဟဲ..ဟူး...'
မြန်မြန်လှုပ်ရှားလိုက်တာကြောင့်ရော လမ်းကြာကြာ မလျှောက်ရတာကြာသော ခြေထောက်တွေကြောင့်ရော နှောင်းရိပ်လေးခင်ဗျာ မောလည်းမော နာလည်းနာနေတော့တာပေါ့..
ဒါတောင် ကြီးမေက နှောင်းရိပ်ကို ဝှီးချဲနဲ့ သွားခိုင်းတာ..
နှောင်းရိပ် က အကိုရှင်းစီကို အဲ့လို သွားရင် နှောင်းရိပ်က ဘာမှ မဖြစ်ပေမယ့် လူတွေက အကိုရှင်းကို နှောင်းရိပ်ကြောင့် ဟိုပြော ဒီပြော ပြောမှာကို မကြိုပ်လို့ နှောင်းရိပ် ကြီးမေကို ဝှီးချဲ မသုံးချင်ဘူးလို့ မနည်းပြောခဲ့ရတာ
အမှန်တော့ နှောင်းရိပ်နှလုံးက အရင်လို သွေးကောင်းကောင်း မညှစ်ပေးနိုင်တော့ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ မောလာတော့တာ..ဒါကြောင့် အခြေအနေအရ တခါတလေဆိုရင် နှောင်းရိပ် ဝှီးချဲကို သုံးရတာလေ
ဒါတွေက နှောင်းရိပ်အတွက် မထူးဆန်းတော့ပါဘူး..
ငယ်ငယ်က နှောင်းရိပ် အပြင်းအထန်ဖျားပြီး နှလုံးသွေးကြောမှာ ပိုးဝင်သွားတာလေ..အဲ့ထဲက နှောင်းရိပ် ဒီလို မကြာခဏ ဆေးရုံကို တက်လိုက် ဆင်းလိုက် လုပ်ရတာ..ဆေးသွင်းလိုက်..ဆေးသောက်လိုက်..ဆေးရုံတက်လိုက်နဲ့ တနေ့တနေ့ အသက်ဆက်လာခဲ့ရတာ..
အတွေးနယ်လွန်နေသော နှောင်းရိပ် နောက်ကနေ ခေါ်သံကြားတော့မှ အသိပြန်ဝင်လာတော့သည်။
'ဟိတ်..နှောင်းရိပ်လေး...'
ဟုတ်ပါတယ်..ခေါ်သူက ကျွန်တော့်ရဲ့ အရင်းနှီးဆုံးသော သူလေ..
'အကောင်ပေါက်လေး...'
သေချာတာပေါ့..အကောင်ပေါက်လို့ ကျွန်တော့်ကို ခေါ်တာ သူဘဲ ရှိတာလေ..အကိုရှင်းပေါ့...
ဒီနေ့မှ အကိုရှင်းက gentleman suites ကို အကျအန ဝတ်ထားလေသည်။
အကိုရှင်းက သိပ်ခန့်တာဘဲနော်..
ကျွန်တော်လည်းတွေးလက်စတွေကိုရပ်ကာ
'အာ..အကိုရှင်း..ဟိ..သားနောက်ကျ သွားတယ်...'
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...