Chapter 41(Unicode)

2.4K 85 7
                                    

နှောင်းရိပ် အဝတ်အစားလဲပြီးထွက်လာတော့ ကိုကို့ကို အခန်းအပြင်ထွက်ပြီး လိုက်ရှာကြည့်ပါသေးတယ်...

'ဟင်း...ဘယ်များရောက်သွားတာလဲ...???ညဘဲ နက်နေပြီကို...ကိုကိုရေ...လူကို သိပ်စိတ်ပူအောင်လုပ်တာဘဲ...'

နှောင်းရိပ်လည်း ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်ပြီး အနောက်ကို လှည့်လိုက်တော့ လူတစ်ယောက်နဲ့ တိုက်မိလေတော့သည်။

'အ့...ဟင်...မေ..မေကြီး...'

'အေ..မှတ်တော့ မှတ်မိသားဘဲ...ဟိတ်ကောင်..နင်က ဘာလို့ အေးဆေးမသေဘဲ ဒီကိုပြန်ရောက်လာရတာလဲ...'

'မေမေကြီး..စကားကို ဆင်ခြင်ပြောပါ...လူ့အသက်ဆိုတာ ကစားစရာမှမဟုတ်တာ..နှောင်းရိပ် သေတယ် ရှင်တယ်ဆိုတာကိုလည်း စီမံရအောင် မေမေကြီးက ဘုရားသခင်မှ မဟုတ်တာ...'

'ဘာ!!!!နင်...သောက်ရေးမပါတဲ့ ကောင်...!!!ငါ့သမက်က နည်းနည်းလေး နင့်ကို အရေးပေးတာနဲ့ ငါ့ကိုတောင် ပြန်ခံပြောဖို့ သတ္တိတွေရှိနေတာပေါ့..ဟုတ်လား???'

'နှောင်းရိပ်က မှန်တာကို ပြောတာပါ....မေမေကြီးကသာ လက်မခံနိုင်တာ...'

'နင်...!!တောက်!!မိပု...!!'

'ရှင်...'

ဘယ်အချိန်တည်းက နှောင်းရိပ်ရဲ့ အနောက်ကျောဘက်ကို ရောက်နေမှန်းမသိတဲ့ မိပုဟာ မေမေကြီးစီက နှောင်းရိပ်ကို ချုပ်ထားလိုက်ဆိုသော စကားကြားတာနဲ့ နှောင်းရိပ်အတင်းရုန်းနေတဲ့ ကြားကနေ နှောင်းရိပ်ရဲ့ လက်တွေကို အနောက်ကနေ ကြိုးနဲ့ ချည်လိုက်တော့သည်။

ကြိုးကို တင်းသထက်တင်းအောင်ချည်ကာ ဆွဲစောင့်လိုက်တာကြောင့် နှောင်းရိပ်ရဲ့ လက်ကောက်ဝတ်မှာ နာကြင်လာတာနဲ့အသံထွက်အော်မိတော့သည်။

'အ့...လွှတ်..လွှတ်ပါ...နာလှပြီ...'

'နာအောင်လုပ်တာဘဲလေ...မိပု..သူ့ကို ငါ့အခန်းထဲဆွဲခေါ်ခဲ့...'

'ဟုတ်...'

'ဘာ..ဘာလုပ်ကြမလို့လဲ...???'

'ဟက်..မကြာခင် သိမှာပါ...'

'ဟင့်...မောင်...ကယ်ပါဦး...!!!'

'အော်ပေါ့...နင့်ကို ဘယ်သူမှ ကယ်မဲ့သူမရှိဘူး...ငါ့သမက်လေးနဲ့ သမီးက အပြင်ခဏသွားတာ...ဒီညတော့ ပြန်လာမှာမဟုတ်ဘူး...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now