ဒီနေ့ဆိုရင် ကျွန်တော့်ရဲ့ ဗိုက်ကြီးသည်လေးနဲ့အတူ ဆေးရုံသွားပြီး ဗိုက်ဗိုက်လေးကိုပြဖို့အတွက် ရက်ချိန်းလေ...
ဟင်း..ဒီနေ့လည်း အလုပ်မသွားဘဲ အသက်လေးနဲ့ နေပါမယ်ဆိုမှ ဟိုအကောင် Sက အလိုက်ကမ်းဆိုးမသိ လာရမယ်..အရေးကြီးတယ်ဆရာဆိုတာနဲ့သွားရတာပေါ့...
ရိပ်ကလည်း ပြောပါတယ်..
'ခင်ဗျားက တောက်တဲ့လား..'တဲ့လေ..
ဟက်..သူ့အနောက်ကို ကျွန်တော်က တကောက်ကောက်လိုက်နေလို့တဲ့လေ...
ပြီးတော့ ပြောသေးတယ်...
'ခင်ဗျားကုမ္ပဏီကို ပစ်ထားတာ ကျွန်တော်ရောက်လာတည်းက အိမ်မှာဘဲ ကပ်နေတာ..ဒေဝါလီခံမှာမကြောက်ဘူးလား...'တဲ့..
ကျွန်တော်က စိုးရိမ်လို့ပါ..ရိပ်များမတော်လို့ ချော်ချက်လဲနေရင်..တခုခုများဖြစ်နေရင်ဆိုပြီး...အိမ်မှာဘဲနေပြီးအလုပ်လုပ်တာလေ..
ဟိ..ရိပ်ကိုလည်း မျက်စိအောက်က မပျောက်အောင်ပေါ့လေ...
ဖြစ်နိုင်ရင်လေဗျာ...အခုတောင် ရိပ်ကို ခေါ်လာချင်တာ..ဒါပေမဲ့ ကုမ္ပဏီမှာဆိုရင် ရိပ်သက်သောင့်သက်သာမရှိမှာစိုးတာကြောင့်...
ဟင်း...အခုလည်း ဗိုက်ကြီးသည်လေးကို ဖုန်းဆက်ရဦးမယ်...
အော်...ကြည့်..ဖုန်းခေါ်နေတာ ကြာလှပြီ..အခုထက်ထိကို မကိုင်သေး..တကယ်လဲ ဒီကောင်လေး..ယောက်ျားမရှိတဲ့အချိန် အိမ်မှာ ဘာတွေ လျှောက်လုပ်နေမလဲမသိဘူး..
'ဟဲ..လို..ဟူး...'
'ရိပ်...ဘာဖြစ်နေတာလဲ...အသံတွေလည်းတုန်လို့...ဟင်..ကိုကိုအခုပြန်လာခဲ့မယ်...'
'မ..လာနဲ့..ဟူး...'
'ရိပ်...ကိုကိုစိတ်ပူလာပြီကွာ..ပြော..ရိပ်ဘာတွေလုပ်နေတာလဲ...'
'ဘာလုပ်လုပ်ပေါ့..ဟူး..ခင်ဗျားကို ပြောစရာလား...ဒါနဲ့..ခင်ဗျား..ပြန်မလာနဲ့နော်...'
'ရိပ်..'
'တူတူတူတူ..'
'ဟာကွာ..ဖုန်းချသွားပြီ...ဟင်း..ပြန်ဆက်ကြည့်ဦးမှ...'
'ဟဲလို...ဟုတ်ကဲ့..ဘယ်သူဘာလဲရှင့်...'
'ဒေါ်မြ...'
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...