'မငိုနဲ့ဦး ရိပ်ရဲ့ ..ကိုကိုက ရိပ်ကို မွေးနေ့လက်ဆောင်အဖြစ် သီချင်းဆိုပြမလို့..နားထောင်မယ်မလားရိပ်...ကိိုကိုရေးထားတဲ့ သီချင်းလေးလေ..ရိပ်အတွက်...'
'ဟုတ်...ဟင့်..'
'ကဲပါ...မျက်ရည်တွေ သုတ်လိုက်နော်..ကိုကိုသုတ်ပေးမယ်..မော့ပါဦး မျက်နှာလေး..အမလေး..ကြည့်ပါဦး...ငိုထားတာ နှာခေါင်းလေးတောင်ရဲနေပြီ..မျက်လုံးလေးတွေလည်းမို့လို့...ကဲ..ရပြီ..ကိုကို မျက်ရည်တွေ သုတ်လိုက်ပြီ..ရိပ်က မငိုနဲ့..ကြားလား..ရိပ်ငိုရင် ရိပ်ဗိုက်ထဲက ကိိုကိုတို့ကလေးလေးပါ စိတ်မကောင်းဖြစ်နေလိမ့်မယ်..နော်....'
'ဟင့်..ဟုတ်ကဲ့...'
ရှင်းစက်လည်း ရိပ်ကို တွဲပြီး ခုံတစ်ခုံမှာ ထိုင်စေကာ
'Sရေ...'လို့ ခေါ်လိုက်တော့ စိုင်းတစ်ယောက် အလိုက်သိစွာဖြင့် ဆရာဖြစ်သူထံ ဂီတာလေး လက်ထဲထည့်ပေးတော့ ရှင်းစက်က
'ကျေးဇူး..'ဟုဆိုကာ ဂီတာလေးတီးပြီး သီချင်းစဆိုပါတော့သည်။
'အားလုံးဘဲ..ဒီနေ့လေးဟာ ကျွန်တော် သိပ်ချစ်ရတဲ့ ကျွန်တော့်ရဲ့ ဗိုက်ကြီးသည်လေး မွေးနေ့ဖြစ်ပါတယ်ခင်ဗျာ...ဒီနေ့ ထိုချစ်ရပါသော လူသားလေးအတွက် ကျွန်တော်ရေးထားတဲ့ သီချင်းလေးတစ်ပုဒ်ကို ဆိုပြရင်း အတိတ်က အမှားတွေ အတွက် ကျွန်တော် တောင်းပန်ချင်ပါတယ်ဗျ...
ရိပ်...ကိုကို့ရဲ့ အမှားတွေက ခွင့်မလွှတ်နိုင်မှန်း ကိုကို သိပါတယ်ရိပ်ရယ်..ဒါပေမဲ့ အခု ကိိုကို နောင်တ ရနေပါပြီ...ကိုကို့ကို ခွင့်လွှတ်ပေးပါလို့ ရိပ်ကို မတောင်းဆိုပါဘူးကွာ...တစ်ခုဘဲ ကိုကို့ကို နားလည်ပေးပါရိပ်ရယ်..အခုကစပြီး..ကိိုကိုက ရိပ်ကို ပျော်အောင်ထားမှာမို့...ရိပ်ကိိုကို့ဘဝထဲကနေ မထွက်သွားပါနဲ့နော်..
ချစ်တယ် ရိပ်ရာ...'
🎶လေပြေညှင်းတွေ တိုက်ခတ်မှ
သာယာပါတယ် ချစ်သူအပြုံး🎶🎶အချိန်တိုင်းမှာ အနားရှိမှ
ပျော်ရွှင်ပါတယ် ချစ်သူအပြုံး🎶🎶အိမ်မက်ထဲက ထုတ်လို့မရ
ကြင်နာသူရယ် မင်းမျက်ဝန်း🎶🎶ဘယ်လိုမှကို မေ့လို့မရ
ကြင်နာသူရယ် မင်းမျက်ဝန်း🎶
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...