Chapter 5(Unicode)

2.2K 104 3
                                    

အကိုရှင်းကပြောတယ်...surprise တစ်ခုလုပ်စရာရှိလို့တဲ့...ကျွန်​တော့်ကို မနက်ဖြန်နေ့လယ်၃နာရီ ဝန်းကျင်လောက် လာခဲ့ပေးပါလားတဲ့...

ဒါဘဲ ညက message ပို့ပြီး နှောင်းရိပ်ကို အကိုရှင်းကပြောခဲ့တာ...

ဒါဘဲပြောတာကို ဒီနှောင်းရိပ်ဆိုတဲ့ ကျွန်တော်က ဘာလို့ စိတ်လှုပ်ရှားနေရတာလဲ..

Surprise ဆိုလားဘဲ...

ကျွန်တော် မေးခဲ့ပါသေးတယ်..ဘာလဲလို့...

အကိုရှင်းက surprise ဆိုမှတော့ အခုပြောလိုက်ရင် အံ့ဩဖို့ ကောင်းမှာ မဟုတ်တော့ဘူးတဲ့လေ..နက်ဖြန်ရောက်ရင် သေချာပေါက် သိရမှာပါတဲ့လေ...

ဟူး..ခက်တာဘဲ..သိချင်ပါတယ်ဆိုမှ ..အကိုရှင်းကလည်း ဘူးကိုင်ပြီး ငြင်းနေတော့တာ

အကိုရှင်းကပြောသေးတယ်...ကျွန်တော်သာ နက်ဖြန်သူပြောတဲ့ နေရာကို ရောက်ရင် တကယ်ကို surprise ဖြစ်မှာပါတဲ့လေ..

အင်းလေ..မနက်ဖြန်ဆိုတော့လည်း မနက်ဖြန်ပေါ့...

ကျွန်တော်လည်း မနက်ဖြန်အတွက် အားမွေးကာ အိပ်ဖို့ ကြိုးစားလိုက်တော့သည်။

နောက်နေ့မနက်...

ကျွန်တော်နိုးတော့ အပြင်ပြတင်းပေါက်ဘက်ကို အရင်ဆုံး ကြည့်မိလိုက်တယ်...

​ဒီနေ့ နေပွင့်နေတာဘဲ...သာယာလိုက်တာ...

နာရီကို ကြည့်လိုက်တော့ မနက် ၉:၃၀...

ဟာ..နှောင်းရိပ်တော်တော်ကို အိပ်လိုက်တာဘဲ...

အရင်ဆို မနက် ၆:၃၀ဆိုတာနဲ့ နှောင်းရိပ်က နိုးနေတာ..

အခုလို နောက်ကျမှ နိုးတာ အကိုရှင်းကြောင့်..အဲ့ဒါ အကိုသိလား...

ညက အကိုရှင်း အကြောင်းတွေ အများကြီး စဉ်းစားမိသွားလို့ အိပ်တာနောက်ကျသွားခဲ့တာ..

ဟွန့်..လူဆိုး အကိုရှင်း...

'ခစ်...'

'ဟယ်..သားလေး..နိုးပြီလား...'

'အော်..ကြီးမေ..ဟို ...ဘယ်တုန်းက ရောက်နေတာလဲ...သားတောင် မသိလိုက်ဘူး...'

ကြီးကြီးက နှောင်းရိပ်အတွက် အိမ်က ယူလာတဲ့ ပစ္စည်း အချို့ကို သူ့နေရာသူထားရင်း

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now