ဘယ်သူကရော သိမှာလဲနော်...
သာယာပျော်ရွှင်ဖွယ်ကောင်းနေတဲ့ နေ့ရက်တွေစီ ဘယ်အချိန်မှာ မုန်တိုင်းဝင်လာမယ်ဆိုတာ...
နှောင်းရိပ်ကို အသိမပေးဘဲ ဝင်လာတဲ့ မုန်တိုင်းရယ်..ခင်ဗျားကို အပြစ်မပြောလိုပါဘူး..ဒါပေမယ့် နှောင်းရိပ်ရဲ့ စိတ်ကို ပြင်ဆင်ဖို့အတွက် ကြိုတင် အသိပေးချက်လေးတစ်ခုတော့ ခင်ဗျားပေးသင့်တယ်ထင်တယ်...ဒါမှ ဒီလူသားက ခံနိုင်ရည်ရှိမှာလေ...
တစ်ခုသော မနက်ခင်းတွင်..
'မောင်...ဒီနေ့ ရုံးကို သွားတာ နောက်ကျတယ်နော်...၁၀နာရီတောင် ထိုးတော့မယ်..'
ရှင်းစက်ရဲ့ဖိနပ်ကို အမဲဆီသုတ်ကာ brush နဲ့
တိုက်ပေးနေရင်း နှောင်းရိပ်က ပြောနေခြင်းပင်...'အင်း...ငါဒီနေ့ နောက်ကျတယ်...ဒီနေ့ ရုံးမသွားဘူး..တခြား သွားစရာနေရာရှိလို့...'
'အော်...'
'ဘယ်သွားမှာလဲလို့ ငါ့ကို မမေးတော့ဘူးလား...'
'မမေးတော့ပါဘူးမောင်ရယ်..မောင့်ကို နှောင်းရိပ်က ယုံကြည်တယ်လေ..မေးစရာမှမလိုတာ..ပြီးတော့ အကယ်၍မောင်သာ ဒီကိစ္စကို နှောင်းရိပ်ကို အသိပေးချင်ရင် မောင် ပြောမှာပေါ့...'
'မင်း..အဲ့လို အရာရာတိုင်းမှာ မတုံးမအ သင့်ဘူး...'
'ဗျာ...'
'ဟင်း...ထားတော့..မင်းလို ငပိန်းကို ပြောလည်း ဘာမှမှ အသုံးမဝင်တာ...ဟက်..'
'မောင်ရယ်..ဒီနေ့မနက်မှ ဘာတွေပြောနေတာလဲမသိဘူး..နှောင်းရိပ်နားမလည်တော့ဘူး...'
'နားမလည်လည်း နားလည်အောင်နားထောင်...ဒီနေ့ ငါ ဧည့်သည်ကို သွားကြိုရမှာ လေဆိပ်က...အဲ့ဒါ နေ့လည်ဆိုရင် ဧည့်သည်ကို ခေါ်လာပြီး အိမ်မှာ ထမင်းကျွေးမလို့...အဆင်သင့်ချက်ပြုတ်ထား...'
'အများကြီးလာမှာလားမောင်...??'
'မများပါဘူး...နှစ်ယောက်တည်း..'
'ဟုတ်...ကဲ..အခုတော့ ဖိနပ်လေး စီးလိုက်ပါဦးနော်....'
'....'
'ရပါပြီဗျ...အင်း..နှောင်းရိပ်ရဲ့ မောင်ကလေ ဘယ်အချိန်ကြည့်ကြည့် ဆွဲဆောင်မှုကို ရှိလို့..ဟိ..ချစ်လို့ကိုမဝဘူး..'
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...