'ဘာလဲ...???ကိုယ့်ကို အဲ့လောက်စိုက်ကြည့်မနေနဲ့..အဟင်းကိုယ်မနေတတ်ဘူး...'
'ဟို...အင်း..ဘာမှမဟုတ်တော့ပါဘူး...''ကိုယ့်ကို ပြောစရာရှိတယ်ထင်တယ်...ပြောလေ...'
'ရပါတယ်...'
'ကဲကြည့်...ပြောစရာရှိတာ ကိုယ်သိတယ်နော်...ပြောလေ...'
'ဒါနဲ့ ...ကို..အဲဟုတ်ဘူး..မောင်ဒီနေ့ဘာဖြစ်နေတာလဲဟင်...နေမကောင်းဘူးလား??'
ပြောလည်းပြော နှောင်းရိပ်တစ်ယောက်ဟာ ရှင်းစက်ရဲ့ နှဖူးပေါ်ကို သူ့ရဲ့ လက်နဲ့ စမ်းပြီး နောက်တစ်ခါ သူ့ရဲ့ နဖူးလေးနဲ့ ရှင်းစက်ရဲ့ နှဖူးလေးကို ထိပြီး စမ်းသပ်ကြည့်သေး၏။ခဏနေတော့မှ
'အင်း..အဖျားလည်းမရှိပါဘူး...'
'ဟင်...ကိုယ်က ဘာလို့ ဖျားရမှာလဲ နှောင်းရိပ်ရဲ့ ...ကိုယ်က အကောင်းကြီးဘဲရှိသေးတယ်လေ...ဒါနဲ့ ဘာလို့ အကောင်ပေါက်က ကိုယ်ဖျားနေတယ်လို့ ထင်ရတာလဲ...'
'ခင်ဗျားက...ဟုတ်ပါဘူး..ကို..အဲလေ..မောင်က ထူးထူးဆန်းဆန်းတွေ ဒီနေ့မှ လုပ်နေတာကိုး...'
'ဟင်...ထူးထူးဆန်းဆန်း???'
'ဟုတ်တယ်လေ...မောင် က နှောင်းရိပ်ကို ဒီနေ့မှ အထူးတလည်လိုလို ဂရုစိုက်ကြင်နာပြနေတော့...ဟို...'
'အဲ့တော့...'
'နှောင်းရိပ် မောင့်ကို ကြောက်တယ်...အမြဲလိုလို ပြောင်းလဲလွယ်တဲ့ မောင့်ရဲ့ စိတ်ကို ပို အကြောက်ဆုံးဘဲ...မောင်ရယ်..နှောင်းရိပ်ကို မချစ်ဘူးဆိုရင်လည်း အနာပေးလိုက် ဆေးကျွေးလိုက်မလုပ်ပါနဲ့..ဟင့်...မောင် ကတော့ မသိပေမယ့် မောင်နှောင်းရိပ်အပေါ် တစ်ခါ ကောင်းပြတိုင်း နှောင်းရိပ်..နှောင်းရိပ်ဟင့်...မခံစားနိုင်လို့ပါ...နှောင်းရိပ်ကို သတ်ချင်ရင် သတ်လိုက်ပါတော့..အဲ့လိုကြီးတော့ မနှိပ်စက်ပါနဲ့...ဟင့်..အီး...'
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...