Chapter 15(Unicode)

2K 79 11
                                    

ဒိုင်ယာရီလေးရေ...ပြန်ဆုံကြပြီနော်..

နှောင်းရိပ်လေ ဒီနေ့ အရမ်းပျော်ခဲ့တယ် ...အဲ့ဒါဘာကြောင့်လဲ သိလား..

ဟိ..ကိုကိုဆေးရုံက ဆင်းပြီး နှစ်ရက်အကြာ ဒီနေ့ပေါ့..ကိုကိုနဲ့ နှောင်းရိပ်နဲ့ ..ဟိ..dating သွားလုပ်တာ...

အခုဆို နှောင်းရိပ် ရင်ထဲမှာ ဖြစ်တည်လာတဲ့ ကိုကို့အတွက်အချစ်တွေကို နှောင်းရိပ်သိုဝှက်ပြီး တဖက်သတ် အချစ်နဲ့ ချစ်စရာ မလိုတော့ဘူး..သိရဲ့လား...

ခုဆို ကိုကိုနဲ့ နှောင်းရိပ်နဲ့ က တရားဝင်ချစ်သူတွေဖြစ်သွားကြပြီလေ..

ဒါနဲ့ လျှို့ဝှက်ချက်တစ်ခုပြောပြမယ်..

သွားမပြောနဲ့နော်..ဒီကိစ္စကို ကြီးမေနဲ့ ဘဘတို့ မသိဘူး..ကိုကိုက အချိန်မတန်သေးလို့ မပြောပါသေးနဲ့ ဦးဆိုလို့...

ပြီးတော့ ကြုံတုန်းလေး ကြွားရဦးမယ် ..ကိုကိုက နှောင်းရိပ်ကို အရမ်းချစ်တာတဲ့...သူအသဲယားရင် အကောင်ပေါက်လို့ခေါ်တတ်ပြီး နှောင်းရိပ်ကို အသည်းလေးလို့လည်း တခါတရံ ခေါ်သေး..

ကိုကိုက အဲ့လို အသည်းလေးလို့ နှောင်းရိပ်ကို ခေါ်ရင်လေ နှောင်းရိပ်ရင်ထဲမှာ ပုရွက်ဆိတ်ကိုက်နသလိုဘဲ မနေတတ် မထိုင်တတ်..

ဟိ..ကိုကိုကပြောတယ်..သူက နောက်ဆို အသည်းလေးလို့ နေ့တိုင်းခေါ်မယ်တဲ့..အဲ့ဒါမှ နှောင်းရိပ် ကြားနေကျ အကျင့်ဖြစ်မှာတဲ့လေ..

အာ..ကိုကိုက မှာထားတယ်..နှောင်းရိပ်ကို မောင်လို့ခေါ်ပါတဲ့လေ...

ဒီစိတ်ထဲကနေ ကိုကိုလို့ နှောင်းရိပ်အမြဲတမ်းခေါ်ခဲ့ရပေမယ့် ကိုကိုက အဲ့လိုခေါ်တာမကြိုက်ဘူးဆိုတော့ နှောင်းရိပ်မခေါ်တော့ဘူးနော်..

မောင်လို့ဘဲ ခေါ်မယ်..

မောင်....အဲ့လို ကိုကို့ကို ခေါ်လိုက်တိုင်း နှောင်းရိပ် ရင်ဘတ်ထဲက တခါတရံ ဆူးအောင့်လာသလို..တခါတလေကျပြန်တော့လည်း အဲ့လို ခေါ်တာက နှောင်းရိပ်အတွက် ကျင့်သားရနေသလိုဘဲ...

ဒိုင်ယာရီလေး...မင်းသိရဲ့လား..နှောင်းရိပ် မောင့်ဆေးရုံက ပြန်လာပြီး ညအိပ်ခါနီးအချိန်ရောက်တော့ နှောင်းရိပ် အိမ်မက်တစ်ခုကို မက်ခဲ့တယ်...

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now