Chapter 60(Unicode+Zawgyi)

2.7K 80 5
                                    

ကျွန်တော် ဘာလုပ်သင့်လဲ...

ဟင်..နှောင်းရိပ်အခု ဘာလုပ်သင့်လဲ..????

သားကလည်း ဒယ်ဒီဆိုတဲ့နာမည်ကို မနားတမ်းရေရွတ်ပြီး တကြော်ကြော်အော်နေတော့တာ...

သားက ဖျားချင်နေတော့ အရမ်းငိုခိုင်းလို့ကလည်းမဖြစ်...

ဘေးအိမ်ကလူတွေကလည်း မျက်စောင်းတွေ အတောင့်လိုက် ပစ်ပစ်ထိုးနေပြီ...

ဘေးအိမ်ကလူတွေကိုတော့ အကိုကောင်းခန့်က ခဏထိန်းထားလို့ ရဲမတိုင်တာ...

မဟုတ်ရင် အဲ့လူကြီး ညဘက် jailအောင်းနေရမှာ

ဟင်း

ဒါက မြန်မာမဟုတ်ဘူး..သူများနိုင်ငံမှာလေ...အဲ့လူကြီးကတော့ စိတ်ထင်တိုင်း လုပ်နေတာဘဲ

ရူးချင်ပါတယ်နော်...

နောက်ဆုံး သားကလည်းမနေတာနဲ့ သားကို နှောင်းရိပ်ကိုယ်တိုင်ဘဲ နို့တိုက် ပြီး သားဘေးနားမှာဘဲ လှဲကာ ကပ်သိပ်လိုက်တော့မှ ဘဲ ငြိမ်သွားတော့သည်။

မှေးခနဲဆိုပြီး နှောင်းရိပ်အိပ်ပျော်နေရာမှ အိမ်မက်ဆိုးတစ်ခုကြောင့် လန့်နိုးလာရသည်။

'ဟင်း...ကိုကို...'

တကိုယ်လုံးလည်း ချွေးတွေထွက်လို့ပေါ့...

ဘေးကိုကြည့်တော့ သားက ရိပ်လက်ပေါ်မှာ အိပ်နေလေရဲ့ ....

'ဟင်း..တော်ပါသေးရဲ့..အိမ်မက် ဖြစ်နေလို့...အိမ်မက်ကလည်း အဲ့လူကြီးက ရိပ်အရှေ့ကမှာဘဲ ချောက်ထဲကို ခုန်ချသွားတာ...အမလေး....ကြက်သီးထလိုက်တာ..ကိုကို..အဲ့လိုတော့ လျှောက်မလုပ်ဘူးမလား....'

'အာ..ဒီပါးစပ်ကတော့..မင်းနဲ့ သူနဲ့မှ ဘာမှ မဆိုင်တော့တာ..ဘာလို့ အဲ့လို ခေါ်နေတာလဲ...'

'ကိုကို..ကိုကို...အဲ့လိုကြီးမခေါ်နဲ့ ကြားလား...'

'ဟိ...ခင်ဗျားသိလား..ကိုကိုဆိုတဲ့ အဲ့နာမ်စားလေးတစ်လုံးကတောင် ကျွန်တော့်ကို လုံလောက်တဲ့ နွေးထွေးမှုတွေပေးနိုင်တယ်ဆိုတာ...'

ကိုကိုဆိုမှ...ဟိုလူကြီးရော..သွားပြီလား...ဟင်း..၃:၃၀နေပြီ..ပြန်လောက်ရောပေါ့...

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now