Chapter 46(Unicode)

2.7K 78 12
                                    

နှောင်းရိပ်လည်း တွေဝေမှုမရှိဘဲ ခပ်မြန်မြန်ပင် အခန်းထဲကထွက်ဖို့ တံခါးပေါက်ကို လိုက်ရှာရတော့သည်။

'အာ..တွေ့ပြီ...မြန်မြန်သွားမှ....'

တံခါးက တော်သေးတယ်..အပြင်က သော့မခတ်ထား၍ အလွယ်ပင် တွန်းဖွင့်လို့ရသွားသည်။

'ဟူး..'

နောက်တော့ ဘေးပတ်ပတ်လည်က လူရိပ်အချည်ကို ကြည့်ရသေးသည်။

ဘယ်သူမှ မရှိတာ သေချာမှ နှောင်းရိပ်လည်း ခပ်မြန်မြန်လျှောက်လာကာ အိမ်အောက်ထပ် လှေခါးစီ ဆင်းဖို့ ပြင်ရတော့တာပေါ့...

အာ...သွားပြီ..အောက်ထပ်မှာက အကို ခက်ဆစ်
ရဲ့လူတွေ..အနည်းဆုံး ၆ယောက်လောက်တော့ရှိတယ်...

လှေခါးရဲ့ ထောင့်ဘက်မှာ ထိုင်ပြီးစကားဘောင်ဖွဲ့နေကြတာ....

ဘယ်လိုလုပ်ရပါ့...

ဟူး..မတတ်နိုင်ဘူးလေ..ဘာဘဲဖြစ်ဖြစ်ပေါ့...လာမဲ့ဘေး ပြေးတွေ့တာပေါ့ နှောင်းရိပ်ရာ...

နှောင်းရိပ်လည်း သူတို့ အာရုံများနေစဉ် လှေခါးကနေ ခြေသံခပ်ဖွဖွဖြင့် မြန်မြန်ပြေးဆင်းလိုက်သည်။

အောက်ရောက်တာနဲ့ ဘေးချောင်တစ်နေရာမှာ ကပ်လိုက်ပြီး အခြေအနေကို စောင့်ကြည့်ရသည်။

ဟူး...မလွယ်ပါလား..action ကားရိုက်နေရသလိုပါဘဲလား...

အပေါ်ထပ်မှာတုန်းကလည်း အကိုရှင်းစက်ကို ပတ်ရှာခဲ့ပါသေးသည်။
မတွေ့...
အခု အောက်ထပ်ကတော့ ရှာစရာပင်မလို ဟာလာဟင်းလင်းဆိုတော့...

အကိုရှင်းစက်...ခင်ဗျား ဘယ်မှာများလဲ....

အတွေးများနေစဉ်မှာ နှောင်းရိပ်ရဲ့ ရှေ့ဘက်ကနေ လူနှစ်ယောက်က ပေါ်လာသည်။

'ဟိတ်..မင်းလေးက ဘယ်သူများလဲ...????'

ဘုရားရေ...သူတို့တွေ့သွားပြီ...ဘယ်လိုလုပ်ရပါ့...

'ဟိတ်ရောင်...သွားမပြစ်မှားနဲ့ကွ..အဲ့ဒါက ပိုင်ရှင်ရှိတယ်...'

'ပိုင်ရှင်..??'

'Bossလေ...bossရဲ့ အရုပ်လေးကွ..'

'ဟာကွာ..နှမြောလိုက်တာ...အဲ့လိုအရုပ်လေးကို ငါလည်းလိုချင်လိုက်တာ...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now