Chapter 10(Unicode)

2.2K 100 3
                                    

Time skip

3 years later.....

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်

အရပ်ရှည်ရှည် အသားအရည် အရမ်းမဖြူသော်လည်း အသင့်အတင့်ရှိသည့် ခန့်ညားသောလူတစ်ယောက်...

သူ့နာမည်က ရှင်းစက်...

သူ့ပုံစံက အရင်တုန်းကထက်ကို အတော်လေး တည်ငြိမ်နေပြီး စီးပွားရေးလုပ်ငန်းရှင်တိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရပြီး ငယ်ရွယ်ပြီး အရည်အချင်းရှိမှုကြောင့် ပြည်တွင်းမှာ​ရော ပြည်ပမှာပါ ရှန်းရှန်းတောက် ကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး..

ထိုလူစီသို့ အပြေးလေးသွားရောက်ကာ ပစ္စည်းတွေကို ဝိုင်းဆွဲ သယ်ပေးနေသည့် အခြားသောလူ

'မြန်မာနိုင်ငံကနေ ပြန်လည် ကြိုဆိုပါတယ်ဆရာ...'

ထိုသို့ နှုတ်ဆက်လိုက်သူက တခြားမဟုတ်...သူယုံကြည်အားကိုးရသော သူ့ရဲ့ လူယုံတော် စိုင်း..ရှင်းစက်ကတော့ သူ့ကို S လို့ဘဲ ခေါ်လေ့ရှိတယ်..

S ရဲ့ စကားကို ရှင်းစက်က 'အင်း...'တစ်လုံးတည်းသာပြန်ဖြေရင်း ဘေးဘီဝန်းကျင်ကို တချက်ဝေ့ကြည့်ကာ

'ကိုယ် ပြန်ရောက်လာပြီ ....နှောင်း....ရိပ်...ဟက်...'ဟု ပြောကာ ခနဲ့ပြုံးပြုံးပြီး S ခေါ်ဆောင်ရာ ကားစီသို့ လျှောက်လာလိုက်သည်။

ကားမောင်းနေသော S မှာ ဆရာဖြစ်သူ ရှင်းစက်ကို ကြည့်ရင်း

'ဆရာ...တစ်ခုခု အဆင်မပြေလို့လား...ခေါင်းကိုဘဲ တစ်ချိန်လုံး လက်နဲ့ဖိနေတော့ ခေါင်းကိုက်နေတာလား...'

'ခရီး ပန်းလာယုံပါ...ငါ ဘာမှ မဖြစ်ဘူး...'

'အော်..ဟုတ်...'

'ဒါနဲ့ ..ဒီကြားထဲ ငါ မြန်မာပြည်က ထွက်သွားတဲ့ သုံးနှစ် အတွင်း စုံစမ်းခိုင်းထားတာတွေကော စုံစမ်းထားလား...'

'ဟုတ်..ဆရာ..ကျွန်တော် လုပ်ထားပါတယ်..'

'သူ့ကို ပစ္စည်းပို့တဲ့ ကိစ္စ ကရော...'

'သောကြာနေ့တိုင်း တစ်ရက်မပြတ် ပို့ပေးပါတယ် ဆရာ...'

'အင်း...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now