ရှင်းစက်လည်း နှောင်းရိပ်ရဲ့ ကိုယ်လေး မြေပြင်ပေါ်ကို မကျခင်မှာဘဲ အမှီပွေ့လိုက်ပြီး အိမ်ထဲကို ခေါ်လာကာ အိပ်ယာပေါ်တွင် အသာအယာချပေးလိုက်သည်။
ပြီးနောက်
'ဟဲလို...ပေါက်စီလား...'
'ဟာ..ဟိတ်ရောင် ငရှင်း..မဆက်စဖူး ငါ့စီ ဖုန်းတွေဘာတွေဆက်လို့...ဘယ်လိုဖြစ်လို့လဲ..အဟက်..ငယ်သူငယ်ချင်းလေးကို လွမ်းလို့လား..'
'လခွမ်းဘဲ ဟိတ်ရောင်..ဘာကိစ္စ ငါက မင်းလွမ်းရမှာလဲ..ချီးဘဲ..'
'ဟိတ်ရောင်..မလွမ်းရင်လည်း မလွမ်းဘူးရိုးရိုးတန်းတန်းလေးပြောပါဟ..ရွံ့စရာကြီး..ဝေါ့..ဘာချီးဘဲလဲ..'
'ဟိတ်ကောင်...!!!'
'ပြော..ဘာပြောမလို့လဲ..!!!!'
'ငါ့အိမ်ခဏလာခဲ့..ငါ ပြီးရင် မင်းကို ငါ့အိမ်လိပ်စာ ပို့လိုက်မယ် ...မြန်မြန်လာနော်...ငါစိတ်မရှည်ဘူး...'
'အိမ်လိပ်စာပို့လိုက်မယ်ဆိုတော့ မင်းက အရင်အိမ်မှာ မနေတော့ဘူးလား...'
'ဟုတ်တယ်..အိမ်အသစ်ဝယ်လိုက်တာ..ဟိုမှာက ဖေဖေနေတယ်လေ...'
'အော်...'
'အော် မနေနဲ့ လာမှာဖြင့်မြန်မြန်လာ...ပေါက်စီ...'
'ဘာလုပ်ဖို့လဲ..'
'မင်းခေါ်ပါတယ်ဆိုမှ ဆေးကုပေးခိုင်းမို့ပေါ့ကွ..ရှည်ကိုရှည်တယ်...'
'ဟာ..ဟိတ်...ဟိတ်ရောင်..ဟာ..ပြောချင်ရာပြောပြီး ချသွားပြန်ပြီ..ဘာဖြစ်နေတာလဲ မသိဘူး...ဟူး..ခေါ်တော့လည်း သွားရမှာပေါ့..မဟုတ်ရင် ပြဿနာက ရှာနေမှာ..'
'ငယ်ငယ်တည်းကအချစ်ဆုံး အခင်ဆုံးသူငယ်ချင်းလေး ရှိပါရဲ့ အားကိုးရမလားအောက်မေ့တယ်..အော်ဖို့ ငေါက်ဖို့ ခိုင်းဖို့ လောက်ဘဲ ငါ့ကို သိလားမသိဘူး..ဟူး...'
တဖက်မှာတော့ ရှင်းစက်က နှောင်းရိပ်ရှိရာ ကုတင်ဘေး ဘေးတစ်စောင်း ဝင်ထိုင်ရင်း
'နှောင်းရိပ်....မင်း အစထဲက ငါ့ဘဝထဲ ဝင်မလာသင့်ဘူး..မင်းသာ ငါ့ရဲ့ မကို ငါ့ဘဝထဲက ဆွဲထုတ်မသွားခဲ့ဘူးဆိုရင်...ငါ့အခုလို မင်းကို လက်စားချေဖို့ လိုအပ်ခဲ့မှာမဟုတ်ဘူး...အဲ့ဒါဆို ငါတို့ အရင်တုန်းကလို ချစ်ချစ်ခင်ခင် ပြန်နေနိုင်တယ် နှောင်းရိပ်...အခုတော့ အချိန်တွေက နှောင်းခဲ့ပြီလေ...ငါ့ကို အပြစ်မတင်နဲ့ နှောင်းရိပ်...ဒီဇာတ်လမ်းက မင်းဘဲ စခဲ့တာ...မင်းစခဲ့တဲ့ ငါ့အတွက် အသည်းကွဲ ဇာတ်လမ်းကို မင်းဘဲ အဆုံးသတ်ပေးရလိမ့်မယ်...'
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...