Chapter 63(Unicode+Zawgyi)final

5.7K 84 15
                                    

တစ်လလောက်ကြာတော့ နှောင်းရိပ်ရယ် သားရယ် ကိုကိုနဲ့အတူ အမိမြေ ရန်ကုန်ကို ပြန်လာခဲ့သည်။

အကိုကောင်းခန့်နဲ့အကို စိုင်းနဲ့က ဟိုမှာလုပ်စရာလေးတွေမပျက်သေးတာနဲ့ နောက်မှလိုက်လာမယ်ဆိုပြီး ဂျပန်မှာဘဲ ကျန်ခဲ့တော့သည်။

ရန်ကုန်လေဆိပ်ကအပြန် ကားလေးဟာ တရွေ့ရွေ့နဲ့ ဦးတည်ရာဟာ ရိပ်တို့ အရင်က နေခဲ့ဘူးသော အိမ်ကြီးစီသို့....

'ကဲ...ရောက်ပါပြီဗျာ....အချစ်လေးရယ်...အသက်လေးရယ် ဆင်းတော်မူပါဗျို့...'ဟုဆိုကာ ကိိုကိုက ကျွန်တော်နဲ့ သားဘက်က တံခါးကိုဖွင့်ပေးတော့ သားက ခုန်ပေါက်ပြီး ခြံထဲပြေးသွားတော့သည်။

ရိပ်လည်း သားချော်ကျမှာစိုးတာကြောင့် ကားပေါ်ကနေ ခပ်သွက်သွက်ဆင်းကာ

'မွန်းလေး...သားငယ်...ချော်မယ်လေ...ဖြေးဖြေးသွားပါကွာ....'

'နေပါစေ မိန်းမရယ်...သားက ဟိုမှာဆို တိုက်ခန်းထဲမှာဘဲ နေရတာများတာကို..အခုမှ မြေကြီးနဲ့သားက ထိရတာ...ကလေးဆိုတာက လေ..ရေ..မြေ...ဓာတ်တွေထိပေးဖို့လိုတယ်လေ...'

'ဟင်း..မသိတော့ဘူး..တကယ်ဘဲ...ခင်ဗျားတို့သားအဖကလေ..ပြောလို့ကိုမရဘူး...ဟုတ်ပါတယ်..ပြောမိတဲ့ ရိပ်ဘဲ မှားပါတယ်...'

'မိန်းမကလည်းကွာ...'

'ဟိတ်လူ...ဒီမှာ..ကျွန်တော်က ကျားဗျ...ယောက်ျားမှ ယောက်ျားစစ်စစ်နော်..ဘာမိန်းမလဲ..???'

'ဟုတ်လား..ပြပါဦး..ကျားမကျား..ကိုကိုစစ်ကြည့်ရအောင်...'

'ကိုကို..!!!လက်က ဘယ်ကိုလာနေတာလဲ..ဟင်း..အိမ်ရှေ့ကြီးမှာနော်...'

'ဒါဆို...အခန်းထဲသွားရအောင်လေ...ခစ်..'

'ကိုကို...!!!ခင်ဗျား..ပြောလေ..ကဲ...အွင်း....အွတ်...ကို...လွှတ်..အွန်း...'

'ဟက်...ဘာခင်ဗျားလဲ..???ကိုကိုလို့ခေါ်ဆိုတာကို..သင်ပေးထားတယ်လေကွာ...နောက်တစ်ခေါက်အဲ့လိုခေါ်ရင် နှုတ်ခမ်းတစ်ခုလုံး စုပ်သွားအောင်နမ်းပစ်မယ်...'

'ဟွန့်....ဘာဖြစ်လဲ...ခင်...'

'ခေါ်လေ...ဒီက နမ်းဖို့ အဆင်သင့်ဘဲနော်ရိပ်...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now