ဒါလေးက စောစောက နှောင်းရိပ်လေး ထိုင်ခဲ့တဲ့ ခုံတန်းရှည်ပုံလေးပါ..ထည့်ပေးမယ်ဆိုပြီး မတင်ပေးဖြစ်လို့ အခုမှ တင်ပေးလိုက်တာ..
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကဲ..ဆက်ရအောင်နော်..ကလေးတွေ..
⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️
သုံးပတ်ကြာပြီးနောက်
ညနေခင်း ကန်တောကြီးဇောင်းရဲ့ တနေရာ
ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် ခုံတန်းပေါ်မှာ စကားမဆိုဘဲ တိတ်ဆိတ်စွာ ထိုင်နေကြသည်။
ထိုအချိန်
'မ...'
'အင်း..ပြောလေ ရှင်းစက်...'
'ဟာ..မကလည်းဗျာ..သမီးရည်းစားဖြစ်တာဘဲ သုံးပတ်ရှိတော့မယ်..မောင်လို့ ခေါ်လေဗျာ...'
'ဟို..အဲ့..အဲ့ဒါကလေ...'
'မကလည်းဗျာ..ကျွန်တော့်ကို မချစ်ဘူးလား..အပျော်တွဲတာလားဟင်..'
'ဟာ..ဒီကောင်လေးကတော့..ပေါက်ကရ..မောင်..အတွေးမလွန်နဲ့နော်..'
'ဟင်..'
'ဘာဖြစ်လို့လဲ..'
'စောစောက မက ကျွန်တော့်ကို..'
'မောင်လို့ ခေါ်လိုက်တာလေ..ဘာဖြစ်လို့လဲ..မကြိုက်ဘူးလား..'
'ဟာ..ဘယ်ကသာ..ကြိုက်မှ ကြိုက်..နောက်တစ်ခေါက်လောက် ခေါ်ပါဦး ထပ်ကြားချင်လို့..မ..နော်..မရဲ့ ဟောဒီ့ နှုတ်ခမ်းလေးတွေကနေ ခေါ်တာကို ကြားချင်လို့..'
'မဆိုးနဲ့ကွာ..'
'မောင့်ကို မချစ်ဘူးလားကွာ..မ..'
'...'
'မ..မလို့..'
'အာ..ချစ်တယ်..ချစ်တယ်နော်..မောင့်ကို..'
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...
