Chapter 39(Unicode)

2.4K 96 2
                                    

အခု...နှောင်းရိပ် ဘယ်ရောက်နေတာလဲဟင်...???

အရာရာဟာ အမှောင်အတိနဲ့...

နှောင်းရိပ် ကြောက်တယ် ကိုကို...

​ဒီနေရာကြီးက အေးစက်စက်နဲ့...မှောင်မိုက်နေတာ....ဟင့်...

ကိုကိုရေ...နှောင်းရိပ်ကို လာခေါ်ပါဦး....

ကိုကို...

'ဗွမ်း....!!!'

'အား...ရေတွေ....'

'ဘယ်ကနေ ရောက်လာတာလဲ???'

'ရေကန်ထဲကို နှောင်းရိပ် ဘယ်လို ရောက်လာတာလဲ...'

'ဟင့်...ကိိုကိုရေ...နှောင်းရိပ် ကို ရေထဲကို အောက်ဘက်က တစ်ခုခုက ဆွဲချနေသလိုဘဲ...'

'အပေါ်ကို နှောင်းရိပ်ပြန်တက်လို့မရဘူး....ဟင့်...'

'အသက်လည်း...ရှူလို့မရတော့ဘူး...'

'ဟင့်..အင့်...ကို..ကို...'

'ကယ်...ပါ...ဦး.....'

ရုတ်တရက် အဝေးကနေ ပုံရိပ်လေး တစ်ခုက ပေါ်လာတော့သည်။

တဖြည်းဖြည်းချင်း ထိုပုံရိပ်လေး နီးကပ်လာတော့မှ နှောင်းရိပ် တစ်ယောက် သေချာ ကြည့်မိတော့

'ကို..ကို....'

ရှင်းစက်က ပြုံးပြီး  နှောင်းရိပ်စီ လက်လှမ်းတော့ နှောင်းရိပ် တစ်ယောက် လက်ပြန်ကမ်းပေးဖို့ ကြိုးစားပေမယ့် မရ...

တဖြည်းဖြည်းချင်း ရှင်းစက်ရဲ့ ပုံရိပ်လေးဟာ သူနဲ့ ဝေးကွားသွားခဲ့သည်။

'ဟင့်...ကိုကို...နှောင်းရိပ်ကို မထားခဲ့ပါနဲ့...ပြန်..ပြန်လာခဲ့ပါ...'

ထိုအချိန် ရေထဲကနေ ပဲ့တင်သံတွေ ထွက်ပေါ်လာတော့သည်။

နင်...သေရမယ်..!!!

နင်သေမှ ရမှာ...!!!

နင်ဆိုတာ ဒီလောကမှာ မရှိသင့်ဘူး...!!!

အစောထဲက သေသင့်တာ...!!!

'ဘယ်...သူ..လဲ???'

'ကေ..သ..ရီ???'

ဟက်....ငါ့ကိုတောင် မမှတ်မိတော့ဘူးပေါ့...!!!

ကောင်းပြီလေ...ငါနင့်ကို မှတ်မိအောင်လုပ်ပေးရမှာပေါ့...မဟုတ်ဘူးလား နှောင်းလေး...ဟား!!!

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now