Chapter 37(Unicode)

2.2K 88 16
                                    

နေ့လည်၂နာရီ....
ထုံးစံအတိုင်း နှောင်းရိပ်တစ်ယောက် ချက်ပြုတ်ကာ ရေမိုးချိုးပြီး အဝတ်အစားလဲနေတုန်း

'ဒေါက်....ဒေါက်...!!!!'

'ဟုတ်ကဲ့ ....အန်တီမြလားဗျ...???'

'ဟုတ်ပါတယ် ဆရာကတော်...ကျွန်မပါ....ဧည့်ခန်းထဲမှာဆရာကတော်ရဲ့ အသိမိတ်ဆွေရောက်နေလို့...'

'အော်...ဟုတ်ကဲ့...နှောင်းရိပ်အဝတ်လဲပြီးလာခဲ့မယ်နော်...'

အန်တီမြထွက်သွားပြီး မကြာလိုက်...နှောင်းရိပ်လည်း ဧည့်ခန့်ထဲကိုသွားလိုက်တော့

'ဟယ် ..အကိုကောင်းခန့်...'

'နှောင်းလေး...အကိုလာလိုက်လို့ အနှောက်အယှက်ပေးမိသလိုများဖြစ်သွားလား....??Sorry ပါကွာ...'

'မဟုတ်တာ...အကိုရယ်...ဘယ်ကသာအနှောက်အယှက်ဖြစ်ရမှာလဲ...အကိုလာလို့ နှောင်းရိပ်တောင် အဖော်ရသေး...'

'အင်းပါ..ကဲ..လာပါဦး..ထိုင်ပြီးစကားပြောရအောင်...'

'ဟုတ်..'

နှောင်းရိပ်လည်း ကောင်းခန့်ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်း

'ဒါနဲ့အကို အပူသောက်မလား..အအေးသောက်မလားဟင်...နှောင်းရိပ်ဖျော်ပေးမယ်လေ..'

'နေပါနှောင်းရယ်...အကိုဒီကိုလာတယ်ဆိုတာက နှောင်းလေးကို တွေ့ဖို့ သက်သက်လာတာပါ...အကို့ကြောင့် အလုပ်ရှုပ်မခံပါနဲ့...'

'မဟုတ်တာ..ခဏလေးနော် အကို...နှောင်းရိပ် အအေးလေးဘဲဖြစ်ဖြစ် သွားဖျော်ခဲ့မယ်...'

ထိုအချိန် ဒေါ်မြက ရောက်လာကာ

'အမလေးဆရာကတော်ရယ်...ထိုင်နေပါရှင်...ဒေါ်မြယူလာပါတယ်..ဟောဒီ့မှာ အအေးနဲ့ မုန့်လေးတွေ...'

'အာ...ကျေးဇူးပါ အန်တီမြရယ်...'

'ရပါတယ်ရှင့်..ကဲ..ဒီက ကလေးလဲ စားလိုက်ဦးနော်...'

'ဟုတ်ကဲ့...ကျွန်တော်ရောက်လာတာနဲ့ကို အန်တီမြတို့ အလုပ်ရှုပ်ရပြန်ပြီ...'

'မဟုတ်တာကွယ်...ဒီက မောင်ကောင်းခန့်လာတာလည်း ကောင်းပါတယ်...မဟုတ်ရင် ဆရာကတော်က တချိန်လုံး အခန်းတံခါးပိတ်ပြီး ငိုနေတော့တာ...အပြုံးအရယ်ဆိုတာမရှိဘူး...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now