ဆေးရုံရဲ့ အရေးပေါ်ခန်းရှေ့မှာ ဟိုဘက်လျှောက် ဒီဘက်လျှောက်နဲ့ ဗျာများနေသော ရှင်းစက်
လမ်းလျှောက်လိုက် ပြီးနောက် သူ့ရဲ့ လက်နှစ်ဖက်လုံးမှာကျန်နေသော ရိပ်ရဲ့ သွေးစတွေကိုကြည့်လိုက်နဲ့ ရှင်းစက်တစ်ယောက် ဆောက်တည်ရာမရဖြစ်နေစဉ်
'ဆရာ....'ဟုဆိုကာ သူ့အနားကို အပြေးကလေးရောက်လာသူက စိုင်းခေါ် S
'S...ရိပ်..ရိပ်က...'
'စိတ်အေးအေးထားပါဆရာရယ်...အထဲမှာ အကိုကောင်းခန့်လည်းရှိတာဘဲ...ပြီးတော့ သခင်လေးက သန်မာပါတယ်...'
'ရိပ်က...ငါ့ကို...ထားသွားမှာ...ငါ..ငါကြောက်တယ်....'
'ဆရာရယ်...'
'နေဦး....ဒေါ်မိမိနိုင်ရော...မိပြီလား...???'
'ဆရာပြောလို့ ကျွန်တော်နဲ့ရဲတွေ နောက်က လိုက်တော့ ဒေါ်မိမိနိုင်က ရိပ်မိပြီး အဝေးပြေးလမ်းကို မောင်းပြေးတာ...ဒါပေမဲ့ ကံမကောင်းတာက အရှိန်လွန်ပြီး လာနေတဲ့ expressကားနဲ့ တိုက်တာ...ပွဲချင်းပြီးဘဲဆုံးသွားတယ်ဆရာ....ပြီးတော့ ရဲတွေပြောမှ ကျွန်တော်လည်းသိရတာ...ကေသရီက ထောင်ထဲမှာဘဲ ကိုယ့်ဘာသာကိုယ်သက်သေသွားတယ်တဲ့...စစ်ဆေးကြည့်တော့ ကိုယ်ဝန်ရှိနေတယ်တဲ့ဆရာ....ခက်ဆစ်ရဲ့ ကိုယ်ဝန်...ကျွန်တော်ထင်တာ သူ့သမီးကြောင့် မိမိနိုင်က အခုလို သခင်လေးကို ထိခိုက်အောင် လုပ်တာထင်တယ်....'
'ဟာကွာ...တောက်...!!ရိပ်..ရိပ်နဲ့ဘာဆိုင်လို့လည်း...သူမကျေနပ်ရင် ငါ့ကို လာသတ်ပါလား...ဘာ...ဘာလို့များရိပ်ကိုကွာ....ကျစ်..!!!ကဲဟာ....ကဲဟာ..!!!!'
'ဒုန်း...ဒုန်း...!!!'(နံရံကို လက်သီးနဲ့ ထိုးတဲ့အသံ..)
'ဆရာ...တော်ပါတော့...သခင်လေးလည်းဆရာအနာတရဖြစ်မှာ မလိုချင်လောက်ဘူး...တော်တော့နော်...ဆရာ...'
'S...ရာ...ငါ..ငါမကောင်းတာပါ...ငါ့ကြောင့်...အခုလိုတွေဖြစ်ရတာပါ....'
ထိုအချိန် ရှင်းစက်စီသို့ လူတစ်ယောက်က လျှောက်လာပြီး ပြေးဖက်ကာ
'သား....ရှင်းစက်...'
'ဖေ..ဖေ....ရိပ်...'
'ငိုလိုက်သား...တင်းမထားနဲ့...'
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...