'ရိပ်...'
ပြတင်းပေါက်အပြင်ဘက်ကို အငေးကောင်းနေသော ရိပ်ဟာ ကျွန်တော်ခေါ်လိုက်တော့ တန်းလှည့်လာပြီး ကျွန်တော့်ကိုကြည့်ကာ
'အွန်း...ဘာပြောမို့လဲ ကိုကို...???'
'ဘာမှမဟုတ်ဘူး..ဒီတိုင်းရိပ်က ကိုကို့ကိုမကြည့်ဘဲ ဘေးငေးနေလို့ attention ရအောင်ယူတာ..ဟက်...'
'ကိုကိုကကွာ...ကိုကိုနော်...အခုတလော အရမ်းမျက်နှာပြောင်တာဘဲ..သိလား...'
'ရိပ်နဲ့မို့လို့ပါ...ဟိ...ဒါနဲ့ ရိပ်လည်း ဘာထူးလို့လည်း အခုတလော ပွစိပွစိနဲ့ လူတိုင်းကို လိုက်ပြောနေတာ အဘွားအိုပေါက်စလေးကျနေတာဘဲ...'
'ဘာလဲ..ကိုကိုက ကလေးတစ်ယောက် အဖေ ကျွန်တော့်ကို ငြိုငြင်တာလား..အင်းပေါ့..ရိပ်က အသက်ကြီးပြီကို...ဟွန့်...'
'အမလေး...ရိပ်ရယ်..ကိုကိုက ဘာလို့ ရိပ်ကို ငြိုငြင်ရမှာလဲ...ဟိုဟာပြုလို့တောင် မဝသေးတာ...'
'ကိုကို..!!!ဘာတွေပြောနေတာလဲ...'
'အာ..ကိုကိုပြောတာက ချစ်လို့တောင်မဝသေးတာကိုပြောတာပါ..ရိပ်က..ဟက်..ဘာထင်နေလဲမှ မသိတာ...'
'ကိုကိုနော်...'
'ဟား...ကိုကို့မိန်းမိန်းလေးက ချစ်ဖို့ကောင်းလိုက်တာကွာ...'
'ဦးရှင်းစက်..!!!'
'Yes boss...!!!'
'စကားအရမ်းမများနဲ့..နာမယ်..ကားသေချာမောင်း...'
'ဟုတ်ကဲ့ပါခင်ဗျ..ဟား...!!'
'ရွှတ်တီးရွှတ်နောက်နဲ့...ဟွန့်...ဒါလားကလေးအဖေတဲ့....'
'ရိပ်ကလည်းကွာ...'
'ကိုကို..!!!!'
'ကြောက်ပါပြီရိပ်ရာ..'
ဒီလိုနဲ့ ထိုမယကလေးဟာ လမ်းတစ်လမ်းလုံး တိတ်ဆိတ်စွာနဲ့ ပွဲရှိရာကို ဦးတည်လာခဲ့တော့သည်။
ပွဲရောက်တော့ ကားပေါ်ကဆင်းတာနဲ့ ရိပ်ကို တွဲရင်းခန်းမထဲကို မျက်နှာမော့ကာဖြင့် အေးဆေးတည်ငြိမ်စွာဝင်သွားသူဟာ ရှင်းစက်ပါလေ...
တွေ့သမျှလူတိုင်းကိုလည်း ရိပ်နဲ့ လိုက်မိတ်ဆက်ပေးရတာအမော...
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...