Chapter 12(Unicode)

1.8K 80 4
                                    

ပြောရဦးမယ်...

ဒီနေ့ ကျွန်တော် နှောင်းရိပ် သင်တန်းမရောက်ခင် မိနစ်သုံးဆယ်လောက်အရင် သင်တန်းရှေ့သွားကာ ရပ်စောင့်နေတော့သည်။

ကျွန်တော်ရောက်ပြီး သိပ်မကြာခင် S လည်း နောက်ကားတစ်စီးနဲ့ ရောက်လာကာ ကျွန်တော် စောင့်ခိုင်းသည့်နေရာတွင် အသင့်အနေအထားနဲ့ ကျွန်တော့်အမိန့်ကို စောင့်စားနေသည်။

ခဏကြာတော့ bus ကားပေါ်က အပြေးဆင်းပြီး ကျောင်းထဲဝင်ဖို့ လုပ်နေတဲ့ဘအကောင်ပေါက်..

သူလာတာနဲ့ ကျွန်တော်လည်း S ကို အချက်ပြလိုက်တာကြောင့် S က ကားစက်နှိုးကာ အကောင်ပေါက်ရှိရာကို တဟုန်ထိုး လာလိုက်တော့သည်။

အဟက်...ပထမက သူ့ကို ခြေထောက်ကျိုးယုံလောက် ဖြစ်အောင် တိုက်ခိုင်းဦးမလို့..ဒါပေမယ့် စဉ်းစားကြည့်တော့ သူ့ကို နာကြင်အောင်လို့ ကျွန်တော်ဘဲ လုပ်ချင်သည်လေ...အခုတော့ မနာကျင်ခိုင်းသေးဘူး..ဖြည်းဖြည်းပေါ့...ဒါနဲ့ ဝင်တိုက်ခါနီးမှာ ကျွန်တော် သူ့ကို အားနဲ့ဘေးကို တွန်းပေးလိုက်သည်။

သူဘာမှတော့ မဖြစ်သွားသည်ထင်​၏။..နောက်တော့ ကြမ်းပြင်ပေါ်မှာကျနေတဲ့သူ့ရဲ့ စာရွက်နဲ့ ပစ္စည်းလေးတွေ ကောက်နေတော့သည်။

ကျွန်တော်လည်း S ရှိရာ ကားစီသွားကာ သူ့ကို ပြန်ဖို့ ပြောပြီး နှောင်းရိပ်ရှိရာကို လာခဲ့လိုက်တော့သည်။

ကျန်တဲ့ ပစ္စည်းလေးတွေကို ကောက်ပေးပြီး သူ့ကို ကမ်းပေးတော့ သူက ကျွန်တော့်ကိုတောင် မော့တောင်မကြည့်ဘဲ ကျေးဇူးစကားဆိုကာ ထွက်သွားဖို့ လုပ်တော့..စကားအနည်းငယ်ပြောကာ သူ့ကို ကျွန်တော် ခေါ်နေကြ အကောင်ပေါက်လို့ နောက်ဆုံးခေါ်လိုက်တော့ပြူးပြူးကလေး ကြည့်နေတော့သည်။

အဖြစ်အပျက်တွေက ကြားထဲအများကြီး ဖြစ်ခဲ့တာပေါ့...

သူ့ကို ကျွန်တော့်ဘက်ကနေလည်း အနမ်းခြွေခဲ့သေးတယ်..

မက်မောလောက်စရာ အနမ်းပေါ့..ထိုအနည်းက အနည်းငယ် ကြမ်းပေမယ့်လို့..

နမ်းပြီးမကြာ သူ့ရဲ့ မျက်နှာလေးရော ပါးပြင်အစ နားရွက်လေးဟာလည်း နီရဲလာတော့ သေချာတယ် ဒီကောင်လေး တစ်ခုခုကို ခံစားလိုက်မိတယ်ဆိုတာ..

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now