နေ့ရက်တိုင်းဟာ နှောင်းရိပ်အတွက် သိပ်ကို မထူးခြားပေ။မနက်စောစော၅နာရီဆိုထပြီး နှောင်းရိပ် ဘုရားဝတ်ပြု..ဘုရားရဲ့ ဝေယျာဝစ္စတွေလုပ်ပြီး ခဏတဖြုတ်ပြန်အိပ်ဖြစ်သည်။
၇နာရီလောက်ဆို မောင့်ကို မနက်စာပြင်ပေးရင်း မနက်တိုင်း breakfast အတူတူစားကြတယ်...နောက် မောင်ရဲ့ ဖိနပ်ကလေးကို ပြောင်နေအောင် သုတ်ပေးပြီး မောင့်ခြေထောက်မှာ နှောင်းရိပ် အမြဲစီးပေးဖြစ်တယ်လေ..ပြီးတော့ မောင်က ရုံးကို ထွက်သွားတော့တာပေါ့...မောင်မသွားခင်တော့ မောင့်ကိုချစ်တယ်...အိမ်မှာ မောင်အလာကို စောင့်နေမယ်ဆိုတာကို မောင်မကြိုက်ပေမယ့် နေတိုင်းလိုလို ပြောဖြစ်ခဲ့တယ်...
တနင်္လာနေ့ကနေ ကြာသပတေးနေ့ထိ နှောင်းရိပ်သင်တန်းရှိတာကြောင့် သင်တန်းတက်ရမယ့်နေဆိုရင် မောင်အိမ်က ထွက်သွားပြီးတာနဲ့ မကြာ နှောင်းရိပ်လည်း အိမ်တံခါးသော့ခတ်ကာ busနဲ့ သင်တန်းစီကို အမြဲလာဖြစ်တယ်လေ...
ဒီနေ့ နှောင်းရိပ်တို့ သင်တန်းကို သင်တန်းသားတစ်ယောက် ရောက်လာတယ်လေ...
သူမက အရင်က နိုင်ငံခြားမှာ နေတာတဲ့ ..အခြေအနေအရ အခု မြန်မာပြည်ပြန်လာတာတဲ့လေ..သူမရဲ့ အသားအရည်က နှောင်းရိပ်လောက်မဖြူသော်လည်း ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသားအရည်မျိုးကို ပိုင်ဆိုင်ထားတာလေ...သူမရဲ့ လှပသောခန္ဓာကိုယ်ကောက်ကြောင်းနဲ့ အထူးသဖြင့် သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကြောင့် အတန်းထဲက ယောက်ျားလေးတွေအကုန်ငေးကြည့်နေရတာပေါ့...
ဒီထဲမှာ နှောင်းရိပ်တော့ မပါပေ..နှောင်းရိပ် အတွက် သူမကို မြင်နေရတာဟာ မောင့်ကို တွေ့နေရတာလောက် ရင်မခုန်မိ...
ဒါနဲ့ဘဲ နှောင်းရိပ် ဘယ်ကိုမှ အာရုံမထားတော့ဘဲ နှောင်းရိပ်ဆွဲလက်စ ပန်းချီကိုသာ ဆက်ဆွဲနေလိုက်သည်။
ခဏကြာတော့ နှောင်းရိပ် ပန်းချီထဲမှာ အာရုံစိုက်နေတုန်း နှောင်းရိပ်ရဲ့ ပန်းချီခဲတံလေး ဆွဲလုခြင်းခံလိုက်ရသည်။
နှောင်းရိပ်လည်း ခဲတံလုယူသွားသောလူကို သေချာမော့ကြည့်လိုက်တော့ စောစောက အသစ်ရောက်လာသော သူမ...
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...