Chalter57(Unicode+Zawgyi)

2K 72 9
                                    

ဒီနေ့ သားငယ်နဲ့ ကျွန်တော်ရယ်...အကိုကောင်းခန့်ရယ် အပြင်ကို လျှောက်လည်ဖို့ စီစဉ်ထားတယ်လေ...

အရင်က ဆိုရင် ကျွန်တော်က ဆိုင်တဖက်နဲ့ဆိုတော့ သားငယ်ကို သူ့ဦးဦး နဲ့ ထားခဲ့ရတာ...

အလုပ်မအားတော့ သားကို အချိန်အများကြီးမပေးနိုင်တာလဲ ပါတာပေါ့လေ...

လူတိုင်းက မေးကြလိမ့်မယ်...ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းဘာတွေပြောင်းလဲသွားလဲဆိုတာ..

အင်း....

ပြောရရင် ကျွန်တော်တို့ ဂျပန်မှာ အခြေချဖြစ်တယ်...

ကျွန်တော်ရယ် အကိုကောင်းခန့်ရယ် လုံးချင်းအိမ်လေးတစ်လုံးစငှားပြီးနေလာရာကနေ အခုဆို အပိုင်ဝယ်လိုက်နိုင်ပြီလေ...

အကိုကတော့ မနက်ကနေ ညနေထိ အိမ်နားမှာဘဲ ဆေးခန်းလေးဖွင့်ပြီး လူနာကြည့်ပေးတယ်လေ..

ကျွန်တော်ကတော့...shopping mallတခုရဲ့ food court မှာမြန်မာထမင်းဆိုင်လေး ဖွင့်ဖြစ်တယ်

ပထမတော့ ဒီလိုဘဲ မနည်းရုန်းရတာပေါ့..နောက်တော့ လူသိများလာခဲ့ပြီး ရောင်းကောင်းတယ်ဆိုရမှာဘဲ...

ဝန်ထမ်းများများစားစားသိပ်မထားတာကြောင့်ရော ကိုယ်တိုင်ပါ ဝင်လုပ်ကိုင်ရတာကြောင့် ပင်ပန်းပေမဲ့ ကျွန်တော် ဆက်လုပ်ဖြစ်ခဲ့တယ်...အရေးကြီးတာက အလုပ်လုပ်နေရင် ဇာန်ဝင်ပြီး သူ့ကို မေ့လို့ရတယ်လေ...

သားကလေ အမှန်အတိုင်းပြောရရင် သူနဲ့ အရမ်းတူတာ...

သားက အိမ်ပြန်ရောက်တာနဲ့ ကျွန်တော့်ကို သူ့မျက်စိအောက်က အပျောက်မခံဘူး...

သားပေါက်စက နည်းနည်းလေးကြီးလာတာနဲ့ သူ့စရိုက်တွေအကုန်ပေါ်လာတာဘဲ...

စိတ်တိုလွယ်တာတွေ..ခံစားလွယ်တာတွေ...ဟင်း..သံယောဇဉ်ကြီးလာတာတွေပေါ့...

ဒါတွေထားပါ...ကျွန်တော်အားရင်လည်း သီချင်းတွေရေးဖြစ်တယ်...အပျော်ပေါ့..

'ပါပါး...'

'ဟမ်..အင်းပြောသားလေး...'

'နှောင်းလေး..ဘာတွေအဲ့လောက်တွေးနေတာလဲ...moonလေးက နှောင်းလေးကို ခေါ်နေတာကြာလှပြီ...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now