Chapter 25(Unicode)

2.3K 97 9
                                    

ညနေ ၅နာရီ...

ရှင်းစက်တစ်ယောက် file တွေသိမ်းကာ ရုံးခန်းထဲမှာ အလုပ်ရှုပ်နေချိန်...

'ဒေါက်..ဒေါက်...!!!'

'ဝင်ခဲ့...!!'

'ကိုကိုရှင်း....'

'အော်..ရီလေး...'

'အလုပ်ရှုပ်နေတာလားဟင်...'

'မရှုပ်ပါဘူး...'

'အော်...'

'ဒါနဲ့ ရီလေး ကိုယ့်စီကို လာတာက ..'

'ဘာလဲ...ကိုကိုကလည်း ရီလေးက အကြောင်းရှိမှ ကိုကို့စီလာရမှာလားလို့...ဟွန့်...'

ရှင်းစက်ရဲ့ လက်မောင်းကို လှုပ်ရမ်းကာ ပြောနေသော ကေသရီ...

ရှင်းစက်ကတော့ ဘာမှပြောမနေတော့ဘဲ ကေသရီရဲ့ တွဲခိုထားသော လက်တွေကို ဖယ်ထုတ်ကာ...

'မဟုတ်ပါဘူး..ကိုယ်က ဒီတိုင်းမေးကြည့်လိုက်တာပါ...ဒါနဲ့ ကေသရီ စောစောက ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာ...'

'ကိုကိုလို့လေ..ကိုကိုရှင်းလို့ ခေါ်တာက သူစိမ်းနည်းနည်းဆန်သလားလို့ ...ပြီးတော့ ရီလေးတို့ကလည်း မကြာခင်မှာ လက်ထပ်ရတော့မှာဘဲကို....'

'ရီလေးနဲ့ ကိုယ်နဲ့ က လပိုင်းဘဲ ကွာတာကို ...ကိုကိုခေါ်စရာမလိုပါဘူး..ရှင်းစက်..ဒါမှမဟုတ် ရှင်းလို့ ခေါ်လဲရတာဘဲ....'

'မရဘူး...ကိုကို...အဲ့လို ခေါ်ချင်လို့ပါ..နော်...'

'...'

'နော်လို့ ကိုကို...'

'အင်း...'

'ရေး...ဒါမှ တို့ ကိုကိုကွ...ဒါကြောင့် ကိုကို့ကို ချစ်နေရတာ...'ဟုဆိုကာ ရှင်းစက်ရဲ့ ပါးကို ကေသရီက နမ်းဖို့ အလုပ် ရုတ်တရက် ရှောင်လိုက်သော ရှင်းစက်ကြောင့် ကေသရီမှာ ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။

ဟင်...ငါက အနမ်းပေးမို့ဟာ ရှင်းစက်က ဘာလို့ ရှောင်သွားရတာလဲ...

မနက်က ဟိုကလေးပေးတုန်းကကြ ငြိမ်ခံနေပြီး...

(ဘယ်တူမလဲ အစစ်မရဲ့..မတူရင် တို့ကလေးနဲ့ မတုနဲ့လေ...)

'အဟင်း...ရီလေး...ကိုယ်သွားတော့မယ်...'

'ဟင်...ဘယ်ကိုလဲ..??'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now