နှောင်းရိပ် ဆိုင်ကိုရောက်လည်းရောက်ရော ဆိုင်က လူတိုင်းလိုလို ပြာယာတွေ ခတ်နေကြသည်။
ဒီလူတွေ တကယ်ဘဲ..ဘာတွေဖြစ်နေကြတာလဲ...
လူအုပ်ထဲက မင်းညီကို ကျွန်တော်ခေါ်လိုက်ကာ
'မင်းညီ...ဒီခဏလောက်..'
'ဟယ်..အကိုလေး..ရောက်လာပြီ...ဝမ်းသာလိုက်တာ...ဟေ့..အကိုလေးရောက်ပြီကွ...ကျွန်တော်တို့အားလုံးက အကိုလေးကိုမျှော်နေတာ...'
'နေစမ်းပါဦး..မင်းတို့နှောင်းရိပ်ရောက်တာနဲ့ အဲ့လောက်တောင်ပျော်နေတာ...ပြောစမ်း မင်းညီ...ဆိုင်မှာဘာတွေဖြစ်နေတာလဲ...??'
'ဟို...ဒီနေ့လေ...ဆိုင်မှာ သီချင်းဆိုမယ့် အဖွဲ့က မလာဖြစ်ဘူးအကို...'
'အဲ့တော့ ဘာဖြစ်လဲ ..သီချင်းဖွင့်ပေးလိုက်ပေါ့...'
'အာ..မရဘူးလေ...ဧကန်ဏ ...အကိုလေးမေ့နေတာလား...???'
'ဟမ်...မေ့နေတာ..??ဘာကို???'
'ဒီနေ့က MR..Toyakoရဲ့ သားမွေးနေ့လေ..'
'ဟမ်..ဟိုစပ်စလူးနပ်ပူးနေတဲ့ကောင်ရဲ့ မွေးနေ့...???'
'ဟုတ်...အဲ့ဒါ..သူက ဒီနေ့ ဒီဆိုင်မှာမွေးနေ့ပွဲလုပ်မှာ...ကျွန်တော်တို့ပြောထားတဲ့ တီးဝိုင်းအဖွဲ့ကလည်းမလာတော့..အဲ့ဒါ..ဟို...'
'ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ မင်းညီ..နှောင်းရိပ်ကို ဘာပြောချင်တာလဲ...???'
'အဲ့ဒါ...အကိုလေး သီချင်းလေး တစ်ပုဒ်လောက်ဖြစ်ဖြစ် စင်ပေါ်မှာဖျော်ဖြေပေးလို့ရမလားလို့...ကျွန်တော်က ဂီတာတီးမယ်လေဗျာ...နော်...'
'ဟာ..မဖြစ်နိုင်တာ မင်းညီရာ...နှောင်းရိပ်မဆိုချင်ဘူး...'
'အဲ့မှာခက်တာဘဲဗျာ..အခုသူက ပတ်သောင်းကျန်းနေတာ..ဆိုင်မှာရောက်တည်းက အကိုလေးကို ပတ်မေးနေတာ..ပြီးတော့ သူ့အတွက်ငှားပေးထားတဲ့ တီးဝိုင်းက မရတဲ့အပြင် အကိုလေးကပါ ဒီနေ့ဆိုင်မလာဘူးဆိုတော့ ပတ်ပြီး ရမ်းနေတာဗျ...ကျွန်တော်တို့လည်း ဘယ်လိုလုပ်ရမလဲမသိလို့....'
'ခက်တာဘဲကွာ...ဟင်း...'
MR.Toyakoရဲ့သား...
နှောင်းရိပ်အတွက်အမှိုက်ကောင်...
သူ့နာမည်က Zac..
သူ့အဖေက အရမ်းတော်ပြီးအနေအေးသလောက် သားကတော့ တဇောက်ကန်း...
ပြီးတော့ ကိုယ့်ကို အမြဲလိုလို အီစီကလီပတ်ပျိုးလာလာခင်းတဲ့လူ...
သူ့ကိုလက်မခံနိုင်ပါဘူးလို့ ငြင်းခဲ့ပါတယ်...ကလေးရှိပါတယ်..အိမ်ထောင်ကျပြီးသားလို့ပြောတာတောင် သူက ကိုယ့်ဖြစ်တည်မှုတိုင်းကို ချစ်ပါတယ်တဲ့..သားကိုတောင် သူ့သားအဖြစ်နဲ့ လက်ခံမှာမို့ သူ့ကိုလည်း လက်ခံပေးပါတဲ့လေ...
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...