Chapter 14(Unicode)

1.7K 87 13
                                    

အကိုရှင်း...မလာသေးဘူးလားဗျာ..

ထိုအချိန်...

'ကလင်...ကလင်..ကလင်...!!'

'အယ်..အကိုရှင်းဘဲ..'

'ဟဲလို..အကိုရှင်း...'

'သခင်လေး နှောင်းရိပ်လားဗျ...'

'အာ..ကျွန်တော် နှောင်းရိပ်ပါ..သခင်လေးမဟုတ်ပါဘူး..ဒါနဲ့ အကိုရှင်းရဲ့ ဖုန်းက ဘာလို့ ခင်ဗျားစီ ရောက်နေတာလဲ..'

'ကျွန်တော်က ဆရာ့ရဲ့ လူယုံ Sပါ...ဆရာ သခင်လေးစီ လာနေတုန်း ကား accident ဖြစ်လို့...'

'ဗျာ....!!!!!'

'သခင်လေး..သခင်လေး...!!'

'ဟို...ကိုကို...ဟင့်....ကိုကိုက ဘယ်မှာလဲ ဟင်အခု...အီး..ဟင့်..'

'....(...)ဆေးရုံမှာပါ သခင်လေး..:'

'ဟင့်...ကျွန်တော်လာနေပြီ..အဲ့ကို..ဟင့်..ခင်ဗျား ဖုန်းမချလိုက်နဲ့ဦး...'

'သခင်လေး...သခင်လေးကို ကျွန်တော်လာခေါ်တာ...လမ်းတဖက်ခြမ်းမှာ ကျွန်တော့်ကို တွေ့လား..အင်္ကျီအနီနဲ့...'

'အင်း...ဒါပေမယ့်...ဟင့်...'

'သခင်လေး..ဘာလို့ ငိုရတာလဲ....'

'ဟင့်...အခုလို အရေးကြီးနေတဲ့ အချိန်မှာမှ..အီး...ကျွန်တော် လမ်းကူးလို့ မရလို့...'

'ဗျာ...!!!'

'ဟင့်...ကျွန်တော် လမ်းမကူးတတ်ဘူး....အီး..ဟီး...'

'အာ..သခင်လေးရယ်..မငိုနဲ့လေ..ကျွန်တော်လာခေါ်ပါ့မယ်...ဖုန်းချလိုက်မယ်နော်..'

'အင်း...မြန်မြန်..ကိုကို့ကိုတွေ့ချင်လှပြီ..ဟင့်...'

ဒါနဲ့ဘဲ ကျွန်တော်လည်း ထို Sဆိုသော ကိုကို့ရဲ့ လူယုံတော် အကူအညီနဲ့ လမ်းကူးလို့ ရသွားပြီး ကိုကိုရှိရာ ဆေးရုံစီကို ကျွန်တော်တို့ ကားလေး ဦးတည်လိုက်သည်။

ဆေးရုံရှေ့မှာ ကားလေးရပ်သွားတာနဲ့ Sကိုတောင် မစောင့်ဘဲ အလောတကြီး ကျွန်တော် ပြေးဆင်းသွားလိုက်သည်။

'ဘုန်း...!!!'

ကျွန်တော် အပြေးလွန်ပြီး မှောက်ခုံ ပြုတ်ကျခြင်း...

'သခင်လေး...!!'

'ရတယ်....ကျွန်တော် ဘာမှမဖြစ်ဘူး...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now