Chapter 1 (Unicode)

7.8K 253 13
                                    

ဆေးရုံဝန်းရဲ့ ပန်းခြံတစ်နေရာမှာ ဝှီးချဲလေးနဲ့ ထိုင်နေသော ဖြူဖြူဥဥကောင်လေးတစ်ယောက်...

နေရောင်အောက်မှာ ရောက်နေသော ထိုကောင်လေးရဲ့ အသားအရေဟာ တခါတလေ အရောင်လက်နေသလိုတောင်ထင်ရတယ်...

ကောင်လေးကို ကြည့်တော့လည်း ဆေးရုံခြံဝန်းရဲ့ အဝေးတစ်နေရာမှာ ဘောလုံးကန်နေသော သူနဲ့ သက်တူ ရွယ်တူ ကောင်လေးတွေကို ငေးကြည့်နေပုံရသည်။

တချက်တချက် အပြင်ဘက်မှာ ကစားနေသော ကလေးတွေထဲက 'ဂိုး..!!'ဟုအော်လိုုက်တိုင်း ဖြူဖြူဥဥကောင်လေးက သွားတက်လေးများပေါ်အောင် ရယ်လိုက်သေးသည်။

'နှောင်းလေး...'

ကျွန်မခေါ်လိုက်တော့ ပြုံးပြီး လှည့်ကြည့်လာသော ထို ချစ်စရာကောင်လေး...

'အော်..မမသဒ္ဓါ...duty ချိန် ဝင်တော့မလို့လားဗျ...'

ကျွန်မလဲ ထိုကောင်လေးရှိရာကို သွားရင်း..

'ဟုတ်ပါတယ်ရှင်...နှောင်းလေးကရော နေပူထဲမှာထွက်ပြီး ဘာတွေ အဲ့လောက်တောင် ကြည့်နေရတာလဲ..ပြောပါဦး မမကို..'

'ဟို..ဟိုးက ဘောလုံးကန်နေတာကိုပါဗျ...'

'ကဲပါ..လာ..မမ တို့ အရိပ်အောက် သွားရအောင်နော်..တော်ကြာ နှောင်းလေး နေပူထဲမှာ အကြာကြီးနေလို့..အပူရှပ်နေဦးမယ်..'

'ဟုတ်..သားဘာသာ....လုပ်...'

'ကဲ..ဒီကလေး...မမတွန်းပေးမယ်နော်...'ဟုဆိုပြီး သဒ္ဓါက အနီးရှိသစ်ပင်ရိပ်အောက်ကို ဝှီးချဲလေးကို တွန်းသွားပေးလိုက်တော့သည်။

'ဟို ..ရပါတယ်ဗျ...သား..အားနာလို့..'

'အယ်..မဟုတ်တာ နှောင်းလေးရယ်..အဲ့လို မတွေးရဘူးလေ...နှောင်းလေးက မမရဲ့ မောင်လေးတစ်ယောက်လိုဘဲလေ..မမက မမရဲ့ မောင်လေးကို ချစ်လို့ လုပ်ပေးတာလေ..နောက် အဲ့လို အားနာတယ်လို့ မပြောရဘူးနော်..မမစိတ်မကောင်းဖြစ်တယ်..'

'ဟုတ်..သားနားလည်ပါပြီ..နောက်..သား အဲ့လို မပြောတော့ ဘူးနော်..မမသဒ္ဓါ...ဟိ..'

ရယ်ပြီးပြောတော့ သွားတက်လေးတွေပါပေါ်လာတော့သည်။ဒါနဲ့ သဒ္ဓါလည်း အသည်းယားစွာဖြင့် ပါးနှစ်ဖက်ကို ဖွဖွလေး ညှစ်မိတော့သည်။

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now