Chapter 45(Unicode)

2.7K 94 10
                                    

တစ်ခုသော ကားလမ်းမပေါ်တွင်....

'နှောင်းရိပ်...'

'ဟုတ်...'

'အကို အခုလို ရုတ်တရက် နှောင်းလေးကို လိုက်ခဲ့ဖို့ခေါ်တာ စိတ်မဆိုးနဲ့နော်...'

'ရ..ရပါတယ်ဗျ..ဟို..ဒါနဲ့...နှောင်းရိပ် စိတ်ပူတာက နှောင်းရိပ် အကို ခက်ဆစ်နဲ့လိုက်လာတာ ကြီးမေကို မပြောခဲ့လိုက်ရ...'

'အာ..အဲ့ဒါဆိုရင် စိတ်မပူနဲ့တော့ နှောင်းရယ်...ကိုယ်က ကြီးမေတို့အတွက် စာချန်ခဲ့တယ်...နှောင်းလေးကို ကိုယ် ခေါ်သွားတယ်ဆိုတာ...'

'အော်..ဟုတ်...ဒါနဲ့ အကိုခက်ဆစ်ပြောတဲ့ နေရာဆိုတာက ရောက်ပြီလားဟင်...'

'အင်း..နည်းနည်းလိုသေးတယ်...ရောက်ခါနီးပါပြီ...'

'အော်....'

တအောင့်လောက်ကြာတော့ ပြတင်းပေါက်ကို ငေးကြည့်နေသော နှောင်းရိပ်ရဲ့ စိတ်တွေ လေးလံလာခဲ့သည်။

ဟင်...ဒါက ဘယ်ကို သွားနေတာလဲ...

ဒီနေရာတွေက မရင်းနှီးလိုက်တာ...

နေ...နေပါဦး..ဒါ..ဒါက

"ရန်ကုန်မြို့မှ နှုတ်ခွန်းဆက်သပါသည်။"

'ဟင်...!!'

'နှောင်းလေး..ဘာ..ဘာဖြစ်လို့လဲ...'

နှောင်းရိပ်ရဲ့ အလန့်တကြားအော်သံကြောင့် ခက်ဆစ်က နှောင်းရိပ်ကို မေးလာတော့

'ဒါ..ဒါကဘယ်ကိုသွားနေတာလဲ..???'

'ဒါလား...???ကိုယ် ကလေးကို အိမ်ခေါ်သွားမလို့လေ...'

'ဗျာ....!!!ဟို ..နှောင်းရိပ်ကို အကို ခက်ဆစ်ပြောခဲ့တာက အနီးနားက ကော်ဖီဆိုင်ကို ခဏဆို..အခု...'

'ကော်ဖီဆိုင်က လူများတယ်လေ ကလေးရဲ့..ဒါကြောင့် ကိုယ်က ကလေးကို အိမ်ခေါ်လာတာ..'

'မ..မဟုတ်သေးပါဘူး...အခုဟာက မြို့ပြင်တောင်ရောက်နေပြီ...နှောင်းရိပ်..နှောင်းရိပ် အိမ်ပြန်ချင်တယ်...ကြီးမေတို့က နှောင်းရိပ် ပျောက်သွားတာ ကြာရင် စိတ်ပူနေမှာ...နှောင်းရိပ် ပြန်ပါရစေ...'

'အို..ကလေးရယ်...ကိုယ်က ခေါ်လာပါတယ်ဆိုမှ ပြန်ပို့ပေးဖို့ မဟုတ်ဘူးလေ...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now