Chapter 18(Unicode)

1.8K 85 12
                                    

အခုဆို နှောင်းရိပ် မောင့်အိမ်မှာနေတာ လေးရက်လောက်ရှိပြီလေ...

​မောင်က နှောင်းရိပ်ကို လိုလေသေးမရှိအောင်ထားပေးပါတယ်...

ပြီးတော့ ညအိပ်ရင်တောင်မှ မောင်က နှောင်းရိပ် အိပ်ပျော်သွားသည်အထိ ဘေးနားမှာ ထိုင်စောင့်ပေးပြီး နှောင်းရိပ်အိပ်သွားမှ အခန်းထဲက ထွက်ပြီး မောင်က သူ့အခန်းကိုပြန်တာ...

မနက်စာဆိုလည်း မောင်နဲ့ အတူစားတယ်လေ..ပြီးတော့ သင်တန်းကို မောင်က ကုမ္ပဏီမသွားခင် နှောင်းရိပ်ကို ကားနဲ့ ချပေးပြီးမှ သွားတာ...

ကားပေါ်မှာလည်း ဘယ်သူ့ကိုမှ မရယ်ပြဖို့..စကားသွားမပြောဖို့..အရောအနှောသွားမလုပ်ဖို့ကိုလည်း တတွတ်တွတ်နဲ့ကို မှာတာ..

မသိရင်ခက်မယ်နော် မောင်..အူတိုနေတာလားလို့ မေးတော့ မဖြေဘဲ အကြောင်းအမျိုးမျိုးပြကာ ထွက်သွားတတ်သေး..

သင်တန်းကနေ အပြန်ဆိုလည်း မောင်က နှောင်းရိပ်ကို လာခေါ်တယ်လေ...

မောင်က နှောင်းရိပ်ကို ပျော်အောင်ထားပါတယ်...

ဒါပေမယ့်လေ ကြီးမေတို့ ဘဘတို့ကိုတော့ နှောင်းရိပ်အရမ်းလွမ်းခဲ့တာပေါ့...

ဒိုင်ယာရီလေးရေ...

ဒီနေ့ညတော့ မောင်က ရုံးအလုပ်များလို့တဲ့လေ..ပြန်လာတည်းက ရေချိုး ထမင်းစားပြီးတာနဲ့ အပေါ်ထပ်က မောင့်အခန်းထဲကိုဝင်သွားတော့တာ..

မောင်က နှောင်းရိပ်စီကို ဒီနေ့မလာနိုင်ဘူးလေ

ဒါနဲ့ ဘဲ နှောင်းရိပ်က မောင့်စီကိုသွားခဲ့တာပေါ့..

အခန်းထဲကို နို့ခွက်လေးကိုင်ပြီး ယူသွားတော့

စားပွဲပေါ်မှ ပွရှုပ်နေတဲ့ စာရွက်တွေနဲ့အတူ laptop တစ်လုံးနဲ့ sofa မှာ အလုပ်ရှုပ်နေသော မောင်ပါလေ..

ဘယ်လောက်တောင် စိတ်ရှုပ်နေလဲ မသိပါဘူး မျက်နှာကြီးကလည်း ဆူပုတ်လို့..ခစ်..

နှောင်းရိပ် ဝင်လာတာလည်း သိရော ချက်ချင်းကို ပြုံးပြကာ အနားမှာ လာထိုင်ဖို့ ခေါ်တယ်လေ..

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now