Chapter 55(Unicode+Zawgyi)

2.2K 77 9
                                    

'အကိုကောင်း...ခန့်.....သူတို့....သားကို..ခေါ်သွားကြပြီ....သားကို..ကျွန်တော့်စီကနေ....ဟင့်...သားကို ပြန်ခေါ်ပေးပါ...အကိုကောင်းခန့်....သားကို..ဟင့်....'

'ဟင်....ဘယ်သူ..ဘယ်သူခေါ်သွားနာလဲ...???နှောင်းလေး...အကိုမေးတာကို ဖြေပါဦး...???'

'ဟင့်...ကိုကို့...အဖေ....ကျေးဇူးပြုပြီး...သားကို ကျွန်တော့်စီ...ပြန်ခေါ်လာပေးပါ...အကိုကောင်း...ခန့်....ဟင့်....'

'တောက်...!!!ဟာကွာ...ဒီလူတွေကတော့....ကောင်းပြီ...နှောင်းလေးစိတ်လျှော့နော်....အကို ကလေးလေးကို ပြန်ခေါ်လာမယ်....အခုက နှောင်းလေးသွေးထွက်နေတဲ့ ခါးကနေရာကို အကိုကြည့်ပေးမယ်....နော်...'

ချော့ကာမော့ကာပြောမှ အိပ်ယာပေါ်ကို အသာတကြည်လိုက်ကာ တအင့်အင့်ငိုရင်း ဆေးအထည့်ခံနေသော နှောင်းလေး....

ဓားနဲ့ အထိုးခံထားရတဲ့ နေရာကို အားနဲ့ စောင့်ချခံလိုက်ရတဲ့အတွက် အနာပြန်ကွဲလာတာကြောင့် ချုပ်စရာမလိုပေမဲ့ ဆေးနိုင်နိုင်ထည့်ပေးကာ ပလာစတာကပ်ပေးပြီး ဆေးတိုက်ကာ ချော့ပြီးပြန်အိပ်ခိုင်းမှ နောက်ဆုံးအိပ်ပျော်သွားတော့သည်။

နှောင်းလေးရယ်...ဘယ်ဘဝက ဝဋ်ကြွေးတွေများကြောင့် အခုလို ခံနေရတာလဲကွယ်....ဘုရားသခင်ရယ် ဒီလောက်ဘဲ စိတ်ဒဏ်ရာတွေပေးပါတော့လား...

ဟင်း...

အိပ်ပျော်နေသူကို စောင်လေးအသာခြုံပေးရင်း သက်ပြင်းရှည်ချကာ အခန်းပြင်ထွက်ခဲ့လိုက်သည်။

အိပ်လိုက်ပါ နှောင်းလေး...

အလွန်ဆုံးနှစ်ရက်ပေါ့....

ဒီနှစ်ရက်အတွင်း အကိုလည်း ကလေးလေးကို ပြန်ရှာပြီး နှောင်းလေးစီခေါ်ခဲ့မယ်...

ပြီးတာနဲ့ အကိုတို့ ဒီကနေ ထွက်သွားကြမယ်....

✨✨✨✨✨✨✨✨✨

'ဒုန်း...ဒုန်း..!!!'

'အပြင်မှာဘယ်သူရှိလဲ...ဟင်...!!!'

'ငါ့ကိုဖွင့်ပေးစမ်း...!!!'

'ဖွင့်စမ်းလို့...!!!'

'ဟာကွာ..တောက်..!!!ငါပြောနေတယ်လေ...ငါ့ကို ဒီအခန်းထဲကထုတ်ပေးလို့...!!!စိုင်း...ငါပြောတာကြားလား....စိုင်း....!!!'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now