Chapter33(Unicode)

2.2K 84 8
                                    

နှောင်းရိပ်လည်း ခန်းမထဲက ထွက်သွားတော့ ခက်ဆစ်မှာ မနေနိုင်ဘဲ ရပ်နေရာမှ နှောင်းရိပ်စီ လိုက်သွားဖို့ အလုပ် အနောက်ကနေ ခက်ဆစ်ရဲ့ လက်မောင်းကို တစ်ယောက်ယောက်က ဆွဲစောင့်ထားသောကြောင့် ထိုလူ့ကို လှည့်ကြည့်မိတော့

'ရှင်း..စက်..!!'

'ဟက်..ဒါက မင်း ဘယ်လိုက်သွားမလို့လဲ...မဟုတ်မှ ငါ့ရဲ့ မယားစီလား..'

ထိုစကားကို ခက်ဆစ်ရဲ့ နားနားကပ်ကာ ပြောလိုက်ခြင်းပင်...

ခက်ဆစ်ကလည်း နှောင်းရိပ်ကို စိတ်ပူနေရသည့်ကြားထဲ ရှင်းစက်ကို စိတ်တိုတိုနဲ့

'အဲ့တော့ ဘာဖြစ်လဲ...မင်းမလိုချင်လို့ စွန့်ပစ်ထားတဲ့ အဖိုးတန်လေးကို ငါက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးထားပြီး မြတ်နိုးပေးမလို့လေ...'

'ဘာကွ..!!!'

ရှင်းစက်ရဲ့ အော်သံကြောင့် အနီးကလူတွေ သူတို့နှစ်ယောက်အပေါ်ကို ကြောင်ကြည့်လာကြသည်။

ကေသရီကလည်း တဖက်က ရှင်းစက်ရဲ့ လက်ကို ပြန်တွဲကာ

'ကိုကို..လူတွေကြည့်နေတယ်လေ...စိတ်လျှော့ပါဦး...'

အောင်ထက်ကလည်း အနားရောက်လာကာ

'ဟိတ်ရောင်တွေ အဆင်ပြေကြရဲ့လား...'

'သားကြီးရေ...ဘာမှ မဖြစ်ပါဘူး..ဒီက ကိုရှင်းစက်ကို စလိုက်မိတာ ..တကယ်ထင်ပြီး စိတ်ဆိုးသွားတာ..ဟား..'

'အော်..မင်းကတော့လေ...ဒါနဲ့ ရှင်းစက်ရော..စိတ်မဆိုးနဲ့တော့နော်...အချင်းချင်းတွေဘဲ...'

'ဟူး...sorry ကွာ..ငါနည်းနည်း အာရုံနောက်သွားတာ...ငါပြန်လို့ရမလား အောင်ထက်...ခေါင်းနည်းနည်းလည်း နောက်နေလို့...'

'အေးပါကွာ..ရပါတယ်...'

'ကိုကို...'

'ရီလေး..ကိုယ် တောင်းပန်ပါတယ်...ကိုယ့်လူယုံ ရီလေးကို ပြန်လိုက်ပို့ပေးလိမ့်မယ်..ကိုယ့်ကို ခွင့်ပြုပါဦးနော်..'

'အဆင်ပြေလို့လားကိုကိုရယ်..ရီလေး အိမ်ထိကားမောင်းပို့ပေးမယ်လေ..'

'ရတယ်..ကိုယ်ဝင်စရာလေးရှိသေးလို့ အိမ်တန်းမပြန်သေးဘူး...ဒါဆို အောင်ထက်..ပွဲပြီးတဲ့အထိမနေနိုင်လို့ ငါ မင်းကို တောင်းပန်ပါတယ်...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now