Chapter 7(Unicode)

2.1K 97 3
                                    

ကြီးမေနဲ့ ဘဘကြီးတို့ဟာလည်း နှောင်းရိပ်လေးနဲ့ ဖုန်းပြောပြီး ဖုန်းကျသွားတာနဲ့ အမြန်ဘဲ နေအိမ်ကို အပြေးလိုက်လာခဲ့တော့တာပေါ့...

နှောင်းရိပ်က ငယ်ငယ်တည်းက ဘယ်မှ သိပ်မသွားတတ်ဘူးလေ..အပြင်သွားမယ်ဆိုရင်တောင် ဘဘက လိုက်ပို့ပေးနေကြ...အခုလည်း နှောင်းရိပ်လေးက ဆေးရုံကို ပြန်မလာဘူးဆိုတော့ သွားစရာနေရာက အိမ်ဘဲရှိလောက်မယ်ဆိုပြီး သူတို့တွေ ခပ်သုတ်သုတ် ထွက်လာခဲ့တော့သည်။

မနက်ကမှ နေက ထိန်ထိန်သာနေတာ..အခုတော့ မနက်က သူမဟုတ်တဲ့အတိုင်းဘဲ မိုးတွေ ဝုန်းဒိုင်းကြဲရွာနေတာ...

မိုးတွေက စဲသွားသည်ကို မရှိ..ပိုပို သည်းလာတော့ ကြီးမေရော ဘဘရော က စိတ်တွေ အပူလွန်လာတာပေါ့..

ရောက်ပါပြီ...အိမ်ရှေ့ကို..

ထင်တဲ့အတိုင်းဘဲ ခြံတံခါးလေးက ပွင့်ရက်သား..

ကြီးမေလည်း ကား ခြံရှေ့မှာ ရပ်လိုက်တာနဲ့ ဘာကိုမှ မမြင်တော့ဘဲ ကားပေါ်က မြန်မြန် ဆင်းပြီး အိမ်ထဲကို ဝင်သွားတော့သည်။

'သား..သားလေး..နှောင်းရိပ်...သားရယ်...ဘယ်မှာများလဲကွယ်...သားလေးရေ...'

အိမ်ပေါ်ထပ်...အိမ်အောက်ထပ်..တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာကြည့်ပါသော်လည်း အစအနကို မတွေ့ရ..

နောက်မှ ကြီးမေ အတွေးတစ်ခုဝင်လာပြီး ခြံနောက်ဖက်ကို ပြေးထွက်လာခဲ့တော့သည်။

နှောင်းရိပ် ငယ်ငယ်တည်းက တစ်ခုခု ဝမ်းနည်းစရာရှိလာရင် တစ်ယောက်တည်းသွားပြီး နေတတ်တဲ့ နေရာ

ခြံနောက်ဘက် သစ်ပင်အောက်က အဖြူရောင်ခြယ်ထားသော ခုံတန်းလေး..

ထိုနေရာသို့ပြေးသွားတော့ ထင်တဲ့ အတိုင်းဘဲ မိုးရေတွေစိုရွှဲလို့ ထိုင်နေသော ကောင်လေး...

တူဖြစ်သူရဲ့ ပုံစံကို တွေ့သော ကြီးမေမှာ အရင်က စိုးရိမ်စိတ်တွေကို ပိုလို့တိုးပေးလိုက်သလိုပင်

'သား...သားလေး...အမလေး သားရယ်..သား..!!!!'ဟုဆိုကာ နှောင်းရိပ်ရဲ့ ကိုယ်လေးကို ပြေးဖက်တော့ အလိုက်သင့်လေး ပါလာတော့သည်။

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now